Sunday, November 19, 2023

“ဘောလုံးကတော့ တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေပြီ”


“ဘောလုံးကတော့ တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေပြီ”

- ဆလိုင်းအိုင်းဇက်ခင် (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - ICNCC)

(၁၉ - ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေးရဲ့အရှိန်အဟုန်နဲ့အတူ တနိုင်ငံလုံးဟန်ချက်ညီ တိုက်ပွဲဖေါ်နေပြီဖြစ်တဲ့အတွက် စစ်ကောင်စီရှုံးနေပြီ။ ဘောလုံးစကားနဲ့ပြောမယ်ဆိုရင် ဘောလုံးကတော့ တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေပြီ၊ အနိုင်ဂိုးသွင်းပြီး စစ်ကောင်စီ ခေါင်းပြန်မထောင်နိုင်အောင် လုပ်ထားဖို့ပဲ လိုတယ်” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်က ပြောပါတယ်။

ချင်းပြည်နယ်က မြို့သိမ်းတိုက်ပွဲအပါဝင် လက်ရှိတနိုင်လုံးနီးပါး ဖြစ်ပေါ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရီခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲအပါဝင် ချင်းပြည်နယ်က တော်လှန်ရေးအခြေအနေ...

- နယ်စပ်မြို့တွေကို ထိန်းချုပ်လာနိုင်တဲ့ တော်လှန်ရေးတပ်တွေအပေါ် အိန္ဒိယအစိုးရက သဘောထားပြောင်းလာနိုင်သလား...

- စစ်ကောင်စီတပ် တကယ်ပြိုနေပြီလား...

- တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေတဲ့ ဘောလုံးကို အနိုင်ဂိုးရအောင် ဘယ်လိုသွင်းကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More