Monday, November 13, 2023

“စစ်ကောင်စီဥက္ကဌပြောတဲ့ ထိုးစစ်ဆင်ပြီး စခန်းတွေပြန်သိမ်းမယ်ဆိုတာ သင်္ကြန...


“စစ်ကောင်စီဥက္ကဌပြောတဲ့ ထိုးစစ်ဆင်ပြီး စခန်းတွေပြန်သိမ်းမယ်ဆိုတာ သင်္ကြန်အမြောက်ပါ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၃- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေးအတွင်း ကျရှုံးသွားတဲ့ ရှမ်းမြောက်ဒေသက မြို့တွေ၊ စစ်စခန်းတွေကို ထိုးစစ်ဆင်ပြီး ပြန်သိမ်းမယ်ဆိုတဲ့ စစ်ကောင်စီဥက္ကဌရဲ့ ကြေညာချက်ဟာ လက်တွေ့မပါတဲ့ သင်္ကြန်အမြောက်သာဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပတဲ့ ကာ-လုံ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌရဲ့ ပြောဆိုချက်က ဘယ်လောက်လက်တွေ့ကျသလဲ၊ လက်ရှိ ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအခြေအနေ ဘယ်လိုရှိနေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- အရှေ့မြောက်ဒေသက စစ်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...

- စကစ ဥက္ကဌရဲ့ စစ်ရေးကြေညာချက်ကို ဘာကြောင့် သင်္ကြန်အမြောက်လို့ ပြောတာလဲ...

- အရှေ့မြောက်ဒေသနဲ့ အနော်မြောက်ဒေသတိုပ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှု လုပ်နိုင်ခြေရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကရင်နီ၊ ကရင်နဲ့ နေပြည်တော်ဝန်းကျင် စစ်ရေးလှုပ်ရှားနိုင်မယ့် အလားအလာအကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More