Saturday, November 11, 2023

“၁၀၂၇ နဲ့အတူ အညာဒေသမှာလည်း တိုက်ပွဲအရှိန်မြှင့်နိုင်ဖို့ ကြိုးစားနေတာဖြစ...


“၁၀၂၇ နဲ့အတူ အညာဒေသမှာလည်း တိုက်ပွဲအရှိန်မြှင့်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်”

- ရဲဘော်ဝေကြီး (ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

(၁၁- ၁၁- ၂၀၂၃)

“ရေစကြိုမြို့လယ်နဲ့ စစ်တပ်ကုန်းတွေကို တော်လှန်ရေးတပ်တွေက မနေ့က တပြိုင်တည်းဝင်တိုက်ခဲ့ပြီး ဒါဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အညာဒေသမှာ တိုက်ပွဲအရှိန်မြှင့်လိုက်တာဖြစ်တယ်။ ဒီစစ်ဆင်ရေးနဲ့အတူ တပြိုင်တည်းချီတက်ကြဖို့လိုတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ရေစကြိုမြို့တွင်း တိုက်ပွဲအခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးအပေါ် သဘောထားတွေနဲ့ပတ်သက်ပြီး...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရေစကြိုတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံဘယ်လောက်များခဲ့သလဲ...

- ၁၀၂၇ စစ်ဆင်ရေးက အညာဒေသရှိ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုခွန်အားဖြစ်စေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးအရှိန်နဲ့အတူ ဘယ်လိုပူးတွဲ ချီတက်နိုင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More