Saturday, November 18, 2023

“စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင်ဦးရေ ၅၀ နီးပါး ရှ...


“စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင်ဦးရေ ၅၀ နီးပါး ရှိနေပြီ”

- ဗညားခွန်အောင် (ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၁၉ - ၁၁- ၂၀၂၃)

“လွိုင်ကော်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ထုတာတွေကြောင့် ၅ ရက်အတွင်း သေဆုံးသူ ၅၀ နီးပါးအထိရှိနေပြီ။ မြို့ထဲကနေ ထွက်ခွင့်ပိတ်ထားတဲ့အတွက် အခြေအနေတွေ အခုလိုဆိုးသွားတာဖြစ်တယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) တည်ထောင်သူ ဗညားခွန်အောင်က ပြောပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၁၁ ရက်မှာ စတင်လိုက်တဲ့ လွိုင်ကော်မြို့သိမ်း (၁၁၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီဖက်က အထိနာနေတဲ့အတွက် စစ်ဘေးရှောင်တွေကို လေယာဉ်နဲ့ တမင်လိုက်ပစ်နေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- လွိုင်ကော်မြို့မှာ စစ်ဘေးရောင်ဦးရေ ဘယ်လောက်အထိရှိနေပြီလဲ...

- မြို့ထဲကလူတွေ အပြင်ထွက်ခွင့်မရအောင် စစ်ကောင်စီက ဘာကြောင့်ပိတ်ပင်ထားတာလဲ...

- UN အပါဝင် ပြည်တွင်း-ပြည်ပ ကယ်ဆယ်ရေးအဖွဲ့တွေက စစ်ဘေးရှောင်တွေအတွက် ဘာတွေ ကူညီပေးနေသလဲ...  

- ကရင်နီအပြင် တနိုင်ငံလုံးရှိ တော်လှန်ရေးတပ်တွေ ဟန်ချက်ညီတိုက်ပွဲဝင်နေပြီမို့ ဒီတကြိမ်စစ်ဘေးရှောင်ခြင်းဟာ နောက်ဆုံးအကြိမ်ရှောင်ရခြင်းလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုဝင်ဘာ ၁၇ ရက်နေ့၊ သောကြာနေ့ညကမေးမြန်းထားချက်ဖြစ်တဲ့အတွက် ၁၈ ရက်နေ့အခြေအနေများ ပါဝင်နိုင်ခြင်းမရှိပါ) 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More