Wednesday, November 15, 2023

“သိမ်းပိုက်ပြီးမြို့များရှိ ဘဏ်များကိစ္စ NUG နှင့် မဟာမိတ်များ တာဝန်ယူဆေ...


“သိမ်းပိုက်ပြီးမြို့များရှိ ဘဏ်များကိစ္စ NUG နှင့် မဟာမိတ်များ တာဝန်ယူဆောင်ရွက်နေ”

- ဦးတင်ထွန်းနိုင် - (ပြည်ထောင်စုဝန်ကြီး - စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန - NUG)

(၁၆- ၁၁- ၂၀၂၃)

“စစ်ကိုင်းတိုင်းက ကောလင်းမြို့အပါဝင် တော်လှန်ရေးတပ်တွေက သိမ်းပိုက်မိတဲ့မြို့ပြဒေသရှိ ဘဏ်များကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတပ်များက ပူးတွဲ တာဝန်ယူဆောင်ရွက်နေတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

မနေ့က အွန်လိုင်းကတဆင့်ပြုလုပ်တဲ့ “နွေဦးဘဏ် အစုရှယ်ယာရောင်းချခြင်း” အကြောင်း သတင်းစာရှင်းပွဲအတွင်း သူက အဲဒီလိုပြောသွားတာပါ။

ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်ငွေ သန်းပေါင်း ၉၅၂ ဒသမ ၃၄၃ သန်း သိမ်းမိပြီး စနစ်တကျထိန်းသိမ်းထားတယ်၊ အခြားသိမ်းမိနယ်မြေရှိ အစိုးရဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များအားလုံး ကြားကာလဗဟိုဘဏ်ရဲ့ ညွန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့လည်း သူကပြောပါတယ်။

နွေဦးဘဏ် အစုရှယ်ယာတွေကိုတော့ အခုလ ၁၇ ရက် (မနက်ဖန်) စတင်ရောင်းချပေးမှာဖြစ်တဲ့အတွက် ရှယ်ယာဝယ်လိုသူများအနေဖြင့် နွေဦးဘဏ် ဝက်ဆိုက်ကိုဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံရှိငွေကြေးကိုယ်စားလှယ်များ RM ထဲ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

သတင်းစာရှင်းပွဲအတွင်း ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားချက်ထဲက အရေးကြီးအချက်အချီု့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More