Friday, November 17, 2023

“စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ အရှိန်မြှင့်ရန် KNU နှိုးဆော်”



“စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ အရှိန်မြှင့်ရန် KNU နှိုးဆော်”

(၁၇-၁၁-၂၀၂၃)

“လက်ရှိ နိုင်ငံရေး၊ စစ်ရေးအရ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ လူထုကို ဝေဝါးစေနိုင်တဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံရေးထွက်ပေါက်ရှာလာနိုင်တယ်၊ ဒါတွေကို လက်မခံပဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲအရှိန်မြှင့်ရမှာဖြစ်တယ်” လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

KNU စာမျက်နှာကနေ ဒီနေ့ (နိုဝင်ဘာလ ၁၇ ရက်) ထုတ်လွှင့်တဲ့ ရုပ်သံအစီအစဉ်မှာ သူက အဲဒီလိုပြောသွားတာပါ။ ဖမ်းဆီးခံ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားအချို့ပြန်လွှတ်တာမျိုး၊ လက်ရှိစစ်ခေါင်းဆောင်ကို ဖယ်ပြီး နောက်တဦးနဲ့ ဟန်ပြအစားထိုးတာမျိုး စစ်ကောင်စီဖက်က လုပ်လာနိုင်တယ်လို့ သူကဆိုပါတယ်။ ဒီလို ဟန်ပြလုပ်တာကို လက်မခံပဲ စစ်အာဏာရှင်ပြုတ်ကျရေးကိုသာ ဦးတည်တိုက်ရမယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင်...

- စစ်တပ်က အာဏာသိမ်းပြီးနောက် လူငယ်တွေကို KNU နယ်မြေမှာ သင်တန်းပေးတာ၊ လူထုတွေကို လက်ခံကျွေးမွေးတာ၊ အခုဆို လူငယ်တွေဟာ စစ်ကောင်စီကိုပြန်တိုက်ဖို့ အဆင်သင့်ဖြစ်နေတာ...

- ၃ နှစ်နီးပါးကာလအတွင်း တိုက်ပွဲတသောင်းကျော်ဖြစ်ပြီး စစ်ကောင်စီဖက်က တသောင်းကျော်သေဆုံး... ဒါကြောင့် အရှေ့မြောက်ဒေသဆီ စစ်ကောင်စီက စစ်ကူမပို့နိုင်ဖြစ်နေ...

- စစ်ဘေးရှောင်တွေကို နိုင်ငံတကာဖက်က အကူအညီပေးဖို့နဲ့ စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့မှု တိုးမြှင့်ဆောင်ရွက်ဖို့တောင်းဆို...

- ဖက်ဒရယ်နဲ့ ဒီမိုကရေစီရရှိရေးအတွက် အင်အားစုအားလုံး တိုက်ပွဲအရှိန်မြှင့်ဖို့လို...

- အခြေနေအမှန်ကို သဘောပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ၊ အရာရှိတွေအနေနဲ့ တော်လှန်ရေးတပ်တွေထံ လက်နက်ချတာ၊ ပြည်သူနဲ့ပူးပေါင်းတာ အမြန်ဆုံးလုပ်ဖို့...ကိုလည်း KNU ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More