Wednesday, November 8, 2023

”စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင် မသိတာ အဓိက ပြသာနာပါပဲ”


”စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင် မသိတာ အဓိက ပြသာနာပါပဲ”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၉ - ၁၁- ၂၀၂၃)

“စစ်တပ်အတွင်းမှာ အပေါ်နဲ့အောက် အပြန်အလှန် လိမ်ညာနေတဲ့အတွက် စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင်မသိတဲ့ ပြသာနာရှိနေတယ်။ ဒီလိုမမှန်စာရင်းတွေပေါ် အခြေခံပြီး ညွှန်ကြားချက်တွေထုတ်နေတဲ့အတွက် အခုလို စစ်ရှုံးနေတာဖြစ်တယ်” လို့ CDM တပ်မတော် အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်ကျော်ကာလအတွင်း မြို့ပေါင်းတဒါဇင်နီးပါးနဲ့ စစ်စခန်း ၁၂၀ ကျော်ကျသွားတာ ဘာကြောင့်လဲ၊ လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေး အကြောင်းပြချက်အပြင် စစ်ရေးအရကော ဘာတွေလွဲမှားနေသလဲ...  စသဖြင့် BNN
သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- တပ်မမှူးအဆင့် တိုက်ပွဲကျတဲ့အပြင် မြို့ တဒါဇင်နဲ့ စစ်စခန်း ၁၂၀ ကျော်ကို အချိန်တိုအတွင်း လက်လွှတ်လိုက်ရတာ ဘာကြောင့်လဲ...

- ကာ-လုံ ခေါ်ပြီး ပြန်တိုက်မယ်ပြောနေတာဟာ မြေပြင်အခြေအနေနဲ့ ဘယ်လောက်နီးစပ်သလဲ...

- “စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင်မသိဘူူး” ဖြစ်နေတာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လက်ရှိစစ်တပ်ဟာ အရင်နဲ့မတူပဲ အချိန်မရွေးပြိုကျနိုင်တဲ့အကြောင်း... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More