Sunday, November 5, 2023

“မြို့တွေ၊ စစ်စခန်းတွေ သိမ်းနေတဲ့ ဒီစစ်ဆင်ရေးကို ကမ္ဘာက ကရုစိုက်မိပါတယ်”


“မြို့တွေ၊ စစ်စခန်းတွေ သိမ်းနေတဲ့ ဒီစစ်ဆင်ရေးကို ကမ္ဘာက ကရုစိုက်မိပါတယ်”

- ဦးကျော်ဇော (သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၆- ၁၁- ၂၀၂၃)

“မြို့တွေ၊ စစ်တပ်စခန်းတွေကို အရှိန်အဟုန်နဲ့သိမ်းပိုက်နေတဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကမ္ဘာက ကရုတစိုက်ကြည့်နေတဲ့ အနေအထားရှိတယ်။ စစ်တပ်ကို ပြိုအောင်တိုက်ဖို့မလွယ်ဘူးဆိုတဲ့ ရှေးဟောင်းအယူအဆကို ဒီတိုက်ပွဲက ပြောင်းပြန် လှန်ပစ်လိုက်ပြီ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံခရီးစဉ်၊ နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု၊ ၁၀၂၇ စစ်ဆင်ရေးအပေါ် နိုင်ငံတကာရဲ့ အမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- NUG ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါခရီးစဉ် ဘာတွေထူးခြားသလဲ...

- ကနေဒါ၊ အမေရိကန်နဲ့ ယူကေ တို့ရဲ့ ပူးတွဲအရေးယူမှုက စစ်ကောင်စီကို ဘယ်လောက် အထိနာစေနိုင်သလဲ...

- မြန်မာစစ်တပ်အပေါ် အစဉ်အလာအရ အထင်ကြီးနေသူတွေကို ၁၀၂၇ စစ်ဆင်ရေးက အပြောင်းအလဲဖြစ်စေနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဗိုလ်နဂါးနှင့် ဒုတိယပိုင်းကိုတော့ ညပိုင်းမှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More