Monday, November 6, 2023

“အရှေ့မြောက်ဒေသမှာ စခန်းသိမ်း၊ နယ်မြေသိမ်းတိုက်ပွဲဆင်နေသလို မြေပြန့်ဒေသမ...


“အရှေ့မြောက်ဒေသမှာ စခန်းသိမ်း၊ နယ်မြေသိမ်းတိုက်ပွဲဆင်နေသလို မြေပြန့်ဒေသမှာလည်း တပြိုင်တည်းလုပ်ဖို့ လိုပါတယ်”

- ရဲဘော်မင်းဌေး (စစ်ကြောင်းမှူး - အမှတ် ၃ စစ်ကြောင်း - ABSDF)

(၇- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့က အရှေ့မြောက်ဒေသမှာ စခန်းသိမ်း၊ မြို့သိမ်း၊ နယ်မြေသိမ်း တိုက်ပွဲဆင်နေသလို မြေပြန့်ဒေသရှိတော်လှန်ရေးတပ်တွေကလည်း တပြိုင်တည်းတိုက်ပွဲဖေါ်ဖို့လိုတယ်၊ နယ်မြေတွေ ရသမျှ သိမ်းဖို့လိုတယ်” လို့ မကွေးတိုင်း ယောနယ်အခြေစိုက် ABSDF အမှတ် (၃) စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်တာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဂန်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲက ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်မှုရှိသလား...

- တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်း၊ သိမ်းမိတဲ့ လက်နက်အနေအထား ဘယ်လိုရှိသလဲ...

- ၁၀၂၇ စစ်ဆင်ရေးမှာ ဘယ်လိုဟန်ချက်ညီ ပူးပေါင်းပါဝင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို တင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More