Monday, November 13, 2023

“စစ်တပ်ကပဲ ပြန်နိုင်မယ်ဆိုတဲ့ အစဉ်အလာအယူအဆ မှန်ကန်မှုမရှိတော့ဘူးဆိုတာကို...


“စစ်တပ်ကပဲ ပြန်နိုင်မယ်ဆိုတဲ့ အစဉ်အလာအယူအဆ မှန်ကန်မှုမရှိတော့ဘူးဆိုတာကို လက်တွေ့အခြေအနေက ပြသနေပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၄- ၁၁- ၂၀၂၃)

“သမိုင်းအစဉ်အလာအရ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်တယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အင်အားစုတွေက ဒီစစ်တပ်ကို အနိုင်ရဖို့မဖြစ်နိုင်ဘူးဆိုတဲ့ အစဉ်အလာအယူအဆဟာ မှန်ကန်မှုမရှိတော့ဘူးဆိုတာကို လက်တွေ့အခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးအခြေအနေတွေကိုထောက်ပြပြီး နိုင်ငံတကာကိုရှင်းပြနိုင်ခဲ့တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကသွားခဲ့တဲ့ လစ်သူရေးနီးယားနိုင်ငံခရီးစဉ်အပါဝင် နိုင်ငံတကာခရီးစဉ်တွေအတွင်း ၁၀၂၇ စစ်ဆင်ရေးအပေါ် နိုင်ငံတကာဖက်က ဘယ်လိုမြင်ကြသလဲ၊ လက်ရှိ အခြေအနေဟာ တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လောက်နီးစပ်လာပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- လစ်သူရေးနီးယားနိုင်ငံခရီးစဉ်အတွင်း ဘယ်လိုထောက်ခံအားပေးမှုတွေ ရရှိခဲ့သလဲ...

- လက်ရှိမြေပြင်အခြေအနေမှန်ကို နိုင်ငံတကာဖက်က နားလည်ပါရဲ့လား...

- ၁၀၂၇ စစ်ဆင်ရေးမှာ NUG, PDF တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More