Thursday, November 30, 2023

“လောက်ကိုင်နဲ့ တာရွှေခမ်းကလွဲရင် အားလုံးသိမ်းမိထားပြီလို့ ပြောနိုင်ပါတယ်”


“လောက်ကိုင်နဲ့ တာရွှေခမ်းကလွဲရင် အားလုံးသိမ်းမိထားပြီလို့ ပြောနိုင်ပါတယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၃၀- ၁၁- ၂၀၂၃)

“မနေ့က ကုန်းကြမ်းမြို့ကို သိမ်းပြီးတဲ့နောက် လောက်ကိုင်နဲ့ တာရွှေခမ်းမြို့ နှစ်ခုပဲ သိမ်းဖို့ကျန်တော့တယ်၊ သိမ်းထားတဲ့မြို့တွေအားလုံးမှာ အုပ်ချုပ်ရေးချပြီး လူထုတွေ ပုံမှန်ပြန်နေနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

ဒီနေ့ စခန်းသိမ်းတိုက်ပွဲအခြေအနေ၊ သိမ်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးစနစ်တကျ ဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ စခန်းသိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေ...

- မနက်က သိမ်းမိတဲ့ ကုန်းကြမ်းစစ်ဗျုဟာကုန်း ဘယ်လောက်အရေးပါသလဲ...

- သိမ်းမိမြို့တွေမှာ အုပ်ချုပ်ရေး စနစ်တကျဆောင်ရွက်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

( MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ပြောကြားချက်ဖြစ်ပါတယ်။ 
TNLA ကတော့ နမ့်ခမ်း၊ နောင်ချို၊ မူဆယ်မြို့နယ်တွေမှာ တိုက်ပွဲကြီးတွေဖြစ်ပေမယ့် စခန်းသိမ်းတိုက်ပွဲတော့ ဒီနေ့မရှိဘူးပြောပါတယ်။ နောင်ချိုမြို့နယ် ရေဝင်ကျေးရွာတိုက်ပွဲမှာတော့ MDY-PDF နဲ့ ပူးပေါင်းတိုက်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။

ရခိုင်ဒေသမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ပလက်ဝမြိုနယ်ရှိ နှုးဘူးဗျုဟာနှင့် တရွန်အိုင်ဗျုဟာကုန်းတွေကို သိမ်းပိုက်နိုင်ရေး AA က အပြင်းထန်တိုက်ခိုက်နေတယ်ပြောပါတယ်။ ဒ့ါအပြင် ပေါက်တောမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက် ကြည်း၊ ရေ၊ လေ သုံးမျိုးတွဲ တိုက်ခိုက်နေတယ်။ လူထုတွေ ပိတ်မိတာ၊ လူသားဒိုင်းအဖြစ် စစ်ကောင်စီက အသုံးပြုတာရှိနေတယ်လို့ ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More