Sunday, November 26, 2023

“နယ်စပ်မြို့ ၂- မြို့အပါဝင် ၆- မြို့လောက် ကျနော်တို့ သိမ်းထားပြီးပြီ”



“နယ်စပ်မြို့  ၂- မြို့အပါဝင် ၆- မြို့လောက် ကျနော်တို့ သိမ်းထားပြီးပြီ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၂၇ -၁၁ -၂၀၂၃)

“ရိခေါဒါရ်နဲ့ လိုင်လင်းပီလို အိန္ဒိယနယ်စပ်က အရေးပါတဲ့မြို့ ၂- မြို့အပါဝင် အနည်းဆုံး အခြားမြို့ ၄-မြို့ကိုလည်း သိမ်းထားပြီးဖြစ်တယ်။ ရိခေါဒါရ်ဟာ အိန္ဒိယ-ချင်းပြည်နယ် နယ်စပ်ဖြစ်တဲ့အတွက် Welcome to Chinland ဆိုတဲ့ ဆိုင်းဘုတ်ကို ပြောင်းတင်ရတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ မတူပီမြို့နယ်ထဲက လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအခြေအနေ၊ ရိခေါဒါရ်မှာ ဆိုင်းဘုတ်ပြောင်းတဲ့အခြေအနေ၊ ၁၀၂၇ နဲ့ဆက်စပ်ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- လိုင်လင်းပီမြို့သိမ်းတိုက်ပွဲနှင့် နယ်မြေရှင်းလင်းမှု နောက်ဆုံးအခြေအနေ...

- ရိခေါဒါရ်နဲ့ အိန္ဒိယနယ်စပ်မှာ ဘာကြောင့် Welcome to Chinland ဆိုတဲ့ဆိုင်းဘုတ်ကို ပြောင်းတင်တာလဲ...

- ၁၀၂၇ စစ်ဆင်ရေးနဲ့ဟန်ချက်ညီအောင် ချင်းတော်လှန်ရေးတပ်တွေ ဘယ်လိုတိုက်ပွဲဝင်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More