Wednesday, November 29, 2023

“စစ်ကောင်စီဘက်က တပ်ရင်းအလိုက်လက်နက်ချတယ်၊ ကုန်းကြမ်းဒေသတခုလုံးကို သိမ်းပ...


“စစ်ကောင်စီဘက်က တပ်ရင်းအလိုက်လက်နက်ချတယ်၊ ကုန်းကြမ်းဒေသတခုလုံးကို သိမ်းပိုက်လိုက်တယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၉ -၁၁- ၂၀၂၃)

“စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတယ်ဆိုတာ မှန်တယ်။ အဲဒီနောက် စိုးမိုးတောင်ကုန်းကို သိမ်းတယ်၊ ကုန်းကြမ်းမြို့နဲ့ ရှင်းဝမ်ဒေသတခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်” လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်
(MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတာ၊ ဒီနေ့ စခန်းသိမ်းတိုက်ပွဲထူးခြားတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတာ ဘယ်နှစ်ရင်းရှိနေပြီလဲ...

- လက်နက်ချချင်သူ၊ ပြည်သူနဲ့ပူးပေါင်းချင်သူ တပ်မတော်သားတွေ၊ ရဲတွေအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်သလဲ...

- ကုန်းကြမ်းမြို့ကို သိမ်းပြီဆိုတော့ ကိုးကန့်ဒေသမှာ လောက်ကိုင်တမြို့ပဲ သိမ်းဖို့ကျန်တော့တာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်းတောင်တန်းပေါ်မှာလည်း ဒီနေ့ မတူပီမြို့နယ်ထဲက ရေဇွာမြိုံကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ မနက်ဖန် ဆက်လက်တင်ပြပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More