Wednesday, November 8, 2023

“၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံပူးပေါင်းတဲ့အနေနဲ့ ကရင်နီကလည်း စစ်ဆင်ရေး စတင်လ...


“၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံပူးပေါင်းတဲ့အနေနဲ့ ကရင်နီကလည်း စစ်ဆင်ရေး စတင်လိုက်တာဖြစ်တယ်”

- ရဲဘော်လောရင်စိုး (တွဲဖက်အထွေထွေအတွင်းရေးမှူး- ကလလတ)

(၈- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ ပူးပေါင်းတဲ့အနေနဲ့ ၁၁၀၇ စစ်ဆင်ရေးကို ကရင်နီပြည်မှာ စတင်လိုက်တာဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်လိုမျိုး နောက်ထပ်တခါ ထပ်ရဖို့မလွယ်တဲ့အတွက် အခုအရှိန်ကောင်းနေစဉ်မှာ တော်လှန်ရေးအင်အားစုအားလုံး ပူးပေါင်းပါဝင်ဖို့လိုတယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်စိုးက ပြောပါတယ်။

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်း စစ်ကောင်စီတပ်စခန်းကို မနေ့က (နိုဝင်ဘာ ၇ ရက်) တိုက်ခိုက်တဲ့ စစ်ဆင်ရေးနဲ့ အဲဒီစစ်ဆင်ရေးကို ၁၁၀၇ (တစ်တစ် သုည ခွန်) လို့အမည်ပေးတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ပန်တိန်းတိုက်ပွဲ၊ ၁၁၀၇ စစ်ဆင်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်လိုဆက်စပ်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်လိုမျိုး နောက်ထပ်တခါ ထပ်ရဖို့မလွယ်တာ ဘာကြောင့်လဲ...

- တော်လှန်ရေးတပ်တွေအားလုံး တပြိုင်တည်း တိုက်ပွဲဖေါ်ဖို့ ဘယ်လောက်အရေးတကြီး လိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More