Wednesday, November 22, 2023

“ဒီနေ့ စခန်း နှစ်ခုထပ်သိမ်းတယ်၊ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၇၀% သိ...


“ဒီနေ့ စခန်း နှစ်ခုထပ်သိမ်းတယ်၊ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၇၀% သိမ်းထားပြီးပြီ”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၂- ၁၁- ၂၀၂၃)

“လောက်ကိုင်နဲ့ ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီနေ့ ထပ်သိမ်းတယ်။ မနေ့ကလည်း ၃ ခုသိမ်းတယ်။ အားလုံးပေါင်းရင် စစ်စခန်း ၁၈၀ ကျော်နေပြီ။ ဒါဟာ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၇၀% ကို သိမ်းထားပြီးပြီလို့ပြောနိုင်ပါတယ်” လို့ MNDAA ကိုးကန့် အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်းက ပြောပါတယ်။

အောက်တိုဘာ ၂၇ မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒီနေ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက
ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ လောက်ကိုင်နဲ့ ကုန်းကြမ်းဒေသမှာ သိမ်းမိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုရဲ့ နောက်ဆုံးအခြေအနေ...

- စစ်ကောင်စီတပ်စခန်း ဘယ်နှစ်ခု၊ မြို့ပေါင်း ဘယ်နှစ်မြို့ သိမ်းထားနိုင်ပြီလဲ...

- ၁၀၂၇ စစ်ဆင်ရေး တလနီးပါးအတွင်း တော်လှန်ရေးတပ်တွေက အောင်မြင်မှု ဘယ်လောက်ရထားသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More