Thursday, November 9, 2023

“အရင်က ကင်းစောင့်ရင် ရှေ့တည့်တည့်ကိုပဲကြည့်ရတယ်၊ အခုက ခေါင်းပေါ်က ဒရုန်း...


“အရင်က ကင်းစောင့်ရင် ရှေ့တည့်တည့်ကိုပဲကြည့်ရတယ်၊ အခုက ခေါင်းပေါ်က ဒရုန်းကိုပါ ကြောက်နေရတယ်”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၁၀ - ၁၁- ၂၀၂၃)

“အရင်က စစ်သားတယောက် ကင်းစောင့်ရင် ရှေ့တည့်တည့်ကိုပဲကြည့်ရတယ်။ အခုက ခေါင်းပေါ်က ဒရုန်းကိုပါကြောက်နေရတယ်။ ဒရုန်းတိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အားသာချက်၊ စစ်တပ်ရဲ့အားနည်းချက်ဖြစ်တယ်” လို့ CDM တပ်မတော် အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်ဖက်က ဆုံးရှုံးထိခိုက်မှုများနေတာ ဘာကြောင့်လဲ၊ အရင်ကလူပြောများတဲ့ ရွှေဘနောက်ပိုင်းကြမ်းမယ်ဆိုတာ ဒီနေ့ စစ်တပ်မှာမရှိတော့ဘူးလား...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ဒရုန်းနဲ့တိုက်တာကို စစ်တပ်ဖက်က ဒီလောက်ကြောက်နေတာ ဘာကြောင့်လဲ... 

- ရွှေဘနောက်ပိုင်းကြမ်းပြီး စစ်တပ်ကပဲ ပြန်နိုင်လေ့ရှိတယ်ဆိုတာ ဇတ်ညွှန်းဟောင်းကို လက်ခံရိုက်ကူးသူ မရှိတော့ဘူးလား...

- တပ်မတော်သားတွေ ပြည်သူနဲ့ပူးပေါင်းဖို့ ဘယ်လိုဆောင်ရွက်နိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More