Sunday, November 5, 2023

“ပြည်တွင်း အင်အားစုတွေ ညီညွတ်ရင် စစ်ကောင်စီကို ဖြိုချနိုင်တယ်ဆိုတာ ၁၀၂၇ ...


“ပြည်တွင်း အင်အားစုတွေ ညီညွတ်ရင် စစ်ကောင်စီကို ဖြိုချနိုင်တယ်ဆိုတာ ၁၀၂၇ စစ်ဆင်ရေးက သက်သေပြနေပါတယ်” - ဗိုလ်နဂါး (ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA) (၅- ၁၁- ၂၀၂၃) “ပြည်တွင်းမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကိုသာ စုစည်းညီညွတ်အောင်လုပ်နိုင်ရင် စစ်ကောင်စီကို ဖြုတ်ချနိုင်တယ်ဆိုတာ အခု ၁၀၂၇ စစ်ဆင်ရေးက သက်သေဖြစ်တယ်။ ဒီတော်လှန်ရေးမှာ BNRA လည်းပါဝင်နေတယ်၊ အင်အားစုအားလုံး လက်တွဲပါဝင်ဖို့လိုတယ်” လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြောပါတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် ဘယ်လိုမြင်သလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ... - BNRA က ဘာတွေဆောင်ရွက်နေသလဲ၊ တိုက်ပွဲဖေါ်နိုင်သလား... - ၁၀၂၇ စစ်ဆင်ရေးမှာ BNRA က တပ်ရင်းတွေ ဘယ်လိုပူးပေါင်းပါဝင်နေသလဲ... - ၁၀၂၇ စစ်ဆင်ရေးက ဘယ်အထိ ဦးတည်သွားနိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (၁၀၂၇ စစ်ဆင်ရေးနဲ့ လူထုတိုက်ပွဲ ဘယ်လိုပေါင်းစပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More