Tuesday, November 7, 2023

“ဒီပွဲဟာ အားလုံးနဲ့ဆိုင်တဲ့အတွက် အဖွဲ့အားလုံး ဝင်ပါရမှာဖြစ်တယ်၊ ဟန်ချက်...


“ဒီပွဲဟာ အားလုံးနဲ့ဆိုင်တဲ့အတွက်  အဖွဲ့အားလုံး ဝင်ပါရမှာဖြစ်တယ်၊ ဟန်ချက်ညီ လုပ်ရမှာဖြစ်တယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၈- ၁၁- ၂၀၂၃)

“တော်လှန်ရေးတပ်ပေါင်းစုရဲ့ လက်ရှိ စစ်ဆင်ရေးဟာ အားလုံးနဲ့ဆိုင်တဲ့အတွက် တော်လှန်ရေးအဖွဲ့အားလုံး ပါဝင်ရမှာဖြစ်တယ်။ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်နေတဲ့အဖွဲ့တွေတောင် နောက်ဆုံးအဆင့်မှာ ပါကိုပါလာရမယ်။ သက်ဆိုင်ရာဒေသအလိုက် ဟန်ချက်ညီ တိုက်ပွဲဖော်ရမှာဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တဲ့ KNU ဗဟိုရဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်ဖေါ်ဆောင်ရေးအကြောင်း၊ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးအပေါ် KNU က ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကော်သူးလေ ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးအတွက် ဘာတွေဆောင်ရွက်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေနဲ့ ၁၁၀၇ စစ်ဆင်ရေးအပေါ် KNU က ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- စစ်ကောင်စီတပ် အခြေအနေဟာ ထသွားမှအကျိုးမှန်းသိဆိုသလို အာဏာသိမ်းပြီးနောက်ပိုင်း တကယ့်စစ်ပွဲနဲ့ကြုံတဲ့အခါ ဘာမှသုံးစားမရတဲ့အခြေအနေ ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More