Wednesday, November 29, 2023

“ဒေသအလိုက် လွတ်မြောက်ရေးတိုက်ပွဲတွေကနေ နေပြည်တော်သို့ ချီတက်ရေး ဖြစ်လာနိ...


“ဒေသအလိုက် လွတ်မြောက်ရေးတိုက်ပွဲတွေကနေ နေပြည်တော်သို့ ချီတက်ရေး ဖြစ်လာနိုင်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး တလပြည့်နေ့မှာ ရှေ့တဆင့်မြှင့်ပြီး Nationwide Operation အဆင့်ကိုသွားမယ်ဆိုပေမယ့် လက်တွေ့အခြေအနေမှာတော့ ကိုယ့်ဒေသကိုယ် လွတ်မြောက်အောင် အရင်ဆုံးတိုက်ပွဲဝင်ရမှာဖြစ်တယ်။ ဒေသအလိုက်လွတ်မြောက်ရေးတိုက်ပွဲတွေကို ကျော်ဖြတ်ပြီးမှသာ စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတာ ဖြစ်လာနိုင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်နောက်ပိုင်း Nationwide Operation ဖြစ်လာနိုင်ခြေရှိ မရှိနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အမေရိကန်ဆန့်ကျင်ရေးကနေ တရုတ်ဆန့်ကျင်ရေးဖြစ်သွားတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က လက်ရှိစစ်ပွဲအပေါ် ဘယ်လိုရိုက်ခတ်နိုင်သလဲ...

- Nationwide Operation အဆင့်ကိုတက်ဖို့ ဘာတွေလိုအပ်နေသေးလဲ...

- မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိတာမျိုးမဖြစ်အောင် လူထုတွေက ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More