Saturday, November 4, 2023

“တပ်ပေါင်းစုမူကို အတိအကျကျင့်သုံးလို့ အခုလို အောင်မြင်မှုရနေတာဖြစ်တယ်”


“တပ်ပေါင်းစုမူကို အတိအကျကျင့်သုံးလို့ အခုလို အောင်မြင်မှုရနေတာဖြစ်တယ်”

ခွန်မြင့်ထွန်း - (ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - PNFC)

(၅- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး အခုလိုအောင်မြင်ရခြင်းရဲ့ အဓိကအချက်က ညီနောင် ၃ ဖွဲ့ဟာ တပ်ပေါင်းစုမူကို အတိအကျလိုက်နာကျင့်သုံးလို့ ဖြစ်တယ်၊ တဖွဲ့ကိုထိရင် အဖွဲ့အားလုံးကို ထိတာဖြစ်တယ်ဆိုပြီး အားလုံးက စုပေါင်းပြန်တိုက်ရမယ်ဆိုတဲ့ တပ်ပေါင်းစုမူဟာ အောင်ပွဲ အတွက် သိပ်အရေးကြီးတဲ့အချက်ဖြစ်တယ်” လို့ ညီနောင် ၃ ဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်ပေါင်းစုမှာ အတူတာဝန်ထမ်းခဲ့ဖူးသူ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဘာကြောင့် အခုလိုအောင်မြင်မှုရနေတာလဲ၊ ဒီစစ်ဆင်ရေးက ဘယ်အထိ ဦးတည်သွားနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိကအောင်မြင်မှု သော့ချက်က ဘာလဲ...

- ကိုးကန့်ဒေသ သိမ်းပိုက်ရေးကနေ တနိုင်ငံလုံး သိမ်းပိုက်ရေးအထိ သွားနိုင်အောင် အင်အားစုအားလုံး ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုဝင်ဘာ ၁ ရက်နေ့ညပိုင်းက မေးမြန်းထားချက်ဖြစ်ပြီး အရေးပေါ်သတင်းတွေကြောင့် ဒီနေ့မှ တင်နိုင်ခြင်းဖြစ်ပါတယ်။ မနက်ဖန်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအပေါ် စစ်ကိုင်းတိုင်းက ဗိုလ်နဂါးရဲ့ အမြင်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More