Wednesday, November 15, 2023

“စစ်ကောင်စီဖက်က အလံဖြူထောင်ပြီး လက်နက်ချတယ်ဆိုတာ ဟုတ်ပါတယ်”


“စစ်ကောင်စီဖက်က အလံဖြူထောင်ပြီး လက်နက်ချတယ်ဆိုတာ ဟုတ်ပါတယ်”

- ခူရီးဒူ (စစ်ရေးချုပ် - KNDF)

(၁၅- ၁၁- ၂၀၂၃)

“ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၃၀ ကျော် မနေ့ညနေက အလံဖြူထောင်ပြီး လက်နက်ချတယ်ဆိုတာ ဟုတ်ပါတယ်၊ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူရီးဒူက ပြောပါတယ်။

မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သား ၃၀ ကျော်အလံဖြူထောင်ပြီး လက်နက်ချတဲ့ပုံ၊ KNDF ဒုတိယ စစ်ဦးစီးချုပ် မာဝီ ကိုယ်တိုင်က လက်နက်ချဖို့ပြောနေတဲ့ ဗီဒီယို တွေအကြောင်း...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီဖက်က အလံဖြူထောင်ပြီး လက်နက်ချတဲ့အခြေအနေ...

- စကစ ပြောခွင့်ရပြောနေတာနဲ့ မြေပြင်အခြေအနေ ဘယ်လိုကွဲလွဲနေသလဲ...

- လွိုင်ကော်က တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ စစ်ရှောင်များအခြေအနေ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကရင်နီဒေသမှာ ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချသလိုမျိုး ချင်းနဲ့ ရခိုင်ဖက်မှာလည်း မနေ့ကနဲ့ ဒီနေ့ ဒါဇင်နဲ့ချီရှိခဲ့တယ်လို့ သိရပါတယ်။ အရှေမြောက်ဒေသ တအန်းနဲ့ ကိုးကန့်နယ်မှာတော့ နောက်တန်း တပ်ရင်းတွေပါ တပ်ရင်းအလိုက် မိသားစုတွေနဲ့အတူ ရာနဲ့ချီပြီး လက်နက်ချတာ၊ အလင်းဝင်တာတွေ နေ့စဉ်ရှိနေပါတယ်။ FB မှာဖေါ်ပြရန်ခက်ခဲသော ဗီဒီယို သတင်းများကိုတော့ Youtube ချာနယ်မှာ ကြည့်ရှုနိုင်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More