Friday, November 3, 2023

“၁၀၂၇ ဆိုတဲ့ တော်လှန်ရေး ရထားနဲ့အတူ အားလုံးဟန်ချက်ညီ တိုက်ပွဲဝင်ဖို့လိုပ...



“၁၀၂၇ ဆိုတဲ့ တော်လှန်ရေး ရထားနဲ့အတူ အားလုံးဟန်ချက်ညီ တိုက်ပွဲဝင်ဖို့လိုပါတယ်” 

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၄- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီကို အလဲထိုးမယ့် ပထမ ခြေလှမ်းဖြစ်တယ်။ အရှိန်ရနေပြီဖြစ်တဲ့ ဒီတော်လှန်ရေးရထားကို မီတဲ့ဘူတာကနေစီးပြီး အဆုံးသတ်တိုက်ပွဲအတွက် အားလုံးဟန်ချက်ညီ ပါဝင်ဖို့လိုတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

သီတင်းတပတ်အတွင်းမှာတင် မြို့ ၄ မြို့နဲ့ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို သိမ်းပိုက်ပြီး အရှိန်အလွန်ကောင်းနေတဲ့၊ လူထုထောက်ခံမှုအလွန်အားကောင်းနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အခြားဒေသအသီးသီးက တော်လှန်ရေးတပ်တွေ ဘယ်လိုဟန်ချက်ညီ ပါနိုင်ခြေရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မင်းတပ်နဲ့ ချင်းတောင်ပေါ်မှာ စစ်ကောင်စီတပ်က ခံစစ်အတွက် ဘာတွေပြင်နေသလဲ...

- ချင်းတောင်နဲ့ ယောနယ်က တော်လှန်ရေးတပ်တွေ ၁၀၂၇ နဲ့ ဟန်ချက်ညီအောင် ဘာတွေဆောင်ရွက်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ D Day လား... ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More