Thursday, November 2, 2023

“တော်လှန်ရေးရေချိန် မြင့်လာလေ စစ်ကောင်စီတပ်ပြိုကွဲမှုကို ပိုမြင်လာရလေဖြစ...


“တော်လှန်ရေးရေချိန် မြင့်လာလေ စစ်ကောင်စီတပ်ပြိုကွဲမှုကို ပိုမြင်လာရလေဖြစ်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးကို ရှေ့တဆင့်မြှင့်တင်လိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ပြိုကွဲမှု၊ လက်နက်ချမှတွေကို ပိုမြင်လာရဖို့ ရှိတယ်။ ဒီအတွက် မြောက်ပိုင်းအပြင် တောင်ပိုင်းနဲ့ တနိုင်ငံလုံးက တော်လှန်ရေးတပ်တွေ အချိန်ကိုက် တိုက်ပွဲဝင်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ အပါဝင် မြို့အချိုနဲ့ စစ်တပ်စခန်း ၁၀၀ နီးပါးကို သီတင်းတပတ်အတွင်း သိမ်းလိုက်နိုင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်အကြောင်း  ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သီတင်းတပတ်အတွင်း မြို့ ၄ မြို့နဲနဲ့ တပ်စခန်း ၁၀၀ နီးပါးအထိ သိမ်းနိုင်တာ ဘာကြောင့်လဲ...

- စစ်ကောင်စီတပ်ဖက်က ပြန်မတိုက်နိုင်ပဲ ထွက်ပြေးတာ၊ လက်နက်ချတာတွေ အခုလိုများလာတာ ဘာကြောင့်လဲ...

- ညီနောင် ၃ ဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG လက်အောက်က PDF တပ်ရင်း ၃၀၀ ကျော် ဒီစစ်ဆင်ရေးမှာ ဘယ်လိုပါဝင်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More