Monday, November 27, 2023

“မနေ့က ကျေးသီးတံတားကို သိမ်းတယ်၊ အရင်နေ့က ကျင်စန်းကျော့နဲ့ နမ့်စလပ်စစ်ခန...


“မနေ့က ကျေးသီးတံတားကို သိမ်းတယ်၊ အရင်နေ့က ကျင်စန်းကျော့နဲ့ နမ့်စလပ်စစ်ခန်းကို သိမ်းတယ်”

- (လီကျားဝင်း - ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၇- ၁၁- ၂၀၂၃)

“MNDAA နဲ့ TNLA ပူးပေါင်းတပ်တွေဟာ မနေ့က ကျေးသီးတံတားကို သိမ်းပိုက်တယ်။ အရင်နေ့ကတော့ မူဆယ်ရှိ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်စလပ်စစ်စန်းကို သိမ်းနိုင်ခဲ့တယ်။ လက်နက်ကြီးတွေ တင့်ကားတွေပါ သိမ်းမိတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်တိုက်လုပ်နေတဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ကျေးသီးတံတား၊ ကျင်စန်းကျော့နဲ့ နမ်စလပ်စခန်းတွေက ဗျုဟာအရ ဘယ်လိုအရေးကြီးသလဲ...

- သိမ်းမိတဲ့ တင့်ကားတွေ၊ သံချပ်ကားတွေက နဂိုကတည်းက ပျက်နေတဲ့ကားတွေလား...

- လောက်ကိုင်ကလွဲရင် တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်အားလုံးကို ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းထားလိုက်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တနင်္ဂနွေ-နိုဝင်ဘာ ၂၆ ညက မေးမြန်းထားချက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၇- တနလာၤနေ့ အခြေအနေကို မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More