Thursday, November 16, 2023

“မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းလုပ်တယ်ဆိုတာ တန်ပြန်ထိုးစစ် စတင်လိုက်တ...


“မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းလုပ်တယ်ဆိုတာ တန်ပြန်ထိုးစစ် စတင်လိုက်တာပါ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၁၆- ၁၁- ၂၀၂၃)

“ချင်း တော်လှန်ရေးတပ်တွေက ရိဒ်ခေါဒါရ်မြို့ကိုသိမ်းပိုက်သလို ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းလုပ်တယ်ဆိုတာဟာ တန်ပြန်ထိုးစစ် စတင်လိုက်တာဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူနဲ့အမြန်ဆုံး ပူးပေါင်းဖို့လိုတယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ အဓိက ကုန်သွယ်ရေးမြို့ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးချတာ၊ လူထုတွေ မြို့တွင်းပြန်နေနိုင်အောင် စီစဉ်ပေးနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရိဒ်ခေါဒါရ် မြို့သိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေ...

- အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းတခုကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်ခြင်းလား...

- တနိုင်ငံလုံးအနှံ့ မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းဖြစ်ပေါ်လာတာဟာ စစ်ကောင်စီကို တော်လှန်ရေတပ်တွေက ထိုးစစ် စတင်လိုက်တဲ့သင်္ကတလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More