Friday, November 24, 2023

“အပြင်းထန်ဆုံး တိုက်ခိုက်ပြီး အသက်ညှာဆုံး စဉ်းစားပေးမယ်”


“အပြင်းထန်ဆုံး တိုက်ခိုက်ပြီး အသက်ညှာဆုံး စဉ်းစားပေးမယ်”

- မာဝီ (ဒု စစ်ဦးစီးချုပ် - KNDF)

(၂၄- ၁၁- ၂၀၂၃)

“ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်ကို အပြင်းထန်ဆုံးတိုက်ခိုက်သွားမှာဖြစ်ပေမယ့် တကယ်လို့ လက်နက်ချမယ်ဆိုရင်တော့ အသက်ညှာဆုံး စဉ်းစားပေးသွားမှာဖြစ်တယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

လက်ရှိ ကရင်နီဒေသက (၁၁၁၁) စစ်ဆင်ရေးနဲ့ လွိုင်ကော်မြို့အခြေအနေ၊ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း လက်နက်ချခဲ့တဲ့ စစ်သား ၃၀ ကျော်အခြေအနေ၊ ဖမ်းမိထားတဲ့ စစ်ကောင်စီ တိုက်လေယာဉ်မှုးအခြေအနေတွေအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- လွိုင်ကော်တိုက်ပွဲ နောက်ဆုံးအခြေအနေ...

- တက္ကသိုလ်ဆရာတွေ၊ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ...

- စစ်ကောင်စီတပ်သား ၃၀ ကျော် လက်နက်ချအောင် ဘယ်လိုစည်းရုံးခဲ့သလဲ...

- “အပြင်းထန်ဆုံး တိုက်ခိုက်ပြီး အသက်ညှာဆုံး စဉ်းစားပေးမယ်” ဆိုတာ ဘာကို ဆိုလိုတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More