Friday, November 3, 2023

“ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးကို တပြိုင်တည်း ဝင်တိုက်နေပါတယ်။ ဒါဟာ ဟန်ချ...


“ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးကို တပြိုင်တည်း ဝင်တိုက်နေပါတယ်။ ဒါဟာ ဟန်ချက်ညီဆောင်ရွက်မှုဖြစ်တယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၃-၁၁-၂၀၂၃)

“ကော့ကရိတ်နဲ့ ကြားအင်းဆိပ်ကြီးမြို့နယ်တွေကို KNLA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေ တပြိုင်တည်းဝင်တိုက်နေတယ်ဆိုတာ ဟုတ်တယ်။ ဒါဟာ ၁၀၂၇ နဲ့ ဟန်ချက်ညီဆေင်ရွက်နေတာဖြစ်တယ်၊ ဒီတိုက်ပွဲက စစ်ကောင်စီအပေါ် အထင်ကြီးထားတဲ့ နိုင်ငံတကာအမြင်ကိုပါ ပြောင်းလဲစေနိုင်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ကပြောပါတယ်။

ကရင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေ၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် အမြင်သဘောထားတွေနဲ့ပတ်သက်ပြီး...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...

- ၁၀၂၇ စစ်ဆင်းရေးနဲ့ဟန်ချက်ညီအောင် KNU နဲ့ မဟာမိတ်တွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုက စစ်ကောင်စီအပေါ် အထင်ကြီးထားတဲ့ နိုင်ငံတကာအမြင်ကို ပြောင်းသွားစေနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More