Sunday, November 30, 2025
မိုးကုတ်နဲ့ မိုးမိတ်မှာ တိုက်ပွဲဖြစ်... သီတာယုမွန်အဖွဲ့က ၅ ဦးသေဆုံး...
Saturday, November 29, 2025
ကိုလေး(အင်းဝဂုဏ်ရည်) နှင့် အမှောင်ခေတ်မှာ ပြောရဲဆိုရဲရှိသူများအား အောက်မေ့သတိရခြင်း...
ကိုလေး(အင်းဝဂုဏ်ရည်) နှင့် အမှောင်ခေတ်မှာ ပြောရဲဆိုရဲရှိသူများအား အောက်မေ့သတိရခြင်း...
(၂၉ နိုဝင်ဘာ ၂၀၂၅)
(၁) တခါက သူရဲကောင်းများ...
ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ်ဟာ နိုဝင်ဘာ ၂၂ -စနေ မနက်ပိုင်းက ကွယ်လွန်သွားပြီလို့ မန္တလေးက သတင်းသမားတဦး ပို့စ် တင်ထားတာကို မနေ့က တွေ့မိတော့...
အသက် ၉၀ ကျော်တန်း ဝါရင့်ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ သခင်တွေရဲ့ အမှောင်ခေတ်တခေတ်မှာ အလင်းပြခဲ့တာတွေကို ပြန်သတိရမိပါတယ်။
၂၀၀၀-၂၀၀၁ ခုနှစ် ဝန်းကျင်ဖြစ်မယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့ ပြည်သူတွေ DVB ရေဒီယိုကို မကြားတကြား အသဲအသန် ဖမ်းယူနားဆင်နေကြစဉ် ကာလကပေါ့...။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလိုပဲ (အဲတုန်းကတော့ နေအိမ်အကျယ်ချုပ်) ဖမ်းဆီးခံနေရဆဲ... NLD ပါတီလည်း ဘာမှလှုပ်ရှားခွင့်မရအောင် အပိတ်ဆို့ ခံထားရတဲ့ကာလ...။
တဖက်မှာကလည်း မောင်ခင်ညွှန့်နဲ့ အဖွဲ့ လက်ညှိုးညွှန်ရာ ဒုက္ခရောက်နေရတဲ့အချိန်... စစ်ထောက်လှမ်းရေးတွေ သြဇာအကြီးဆုံးအချိန်ပေါ့...။
အဲဒီလို အချိန်ကြီးမှာ ... “ဒီကောင်လေးတွေက အခုမှ စစ်ထဲရောက်တာ ဘာကြာသေးလို့လဲ...၊ အန်ကယ်တို့ တော်လှန်ရေးလုပ်စဉ်က ဒီကောင်လေးတွေ မွေးတောင်မမွေးသေးဘူး”...(စကားလုံးအတိအကျ မဟုတ်ပါ- အဲဒီသဘောဆောင်) ဆိုပြီး DVB ရေဒီယိုကနေ စစ်ထောက်လှမ်းရေးတွကို စတင်စိန်ခေါ်လိုက်သူကတော့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ ပါပဲ။
နောက်စကားစု တခုကတော့...“မင်းသမီးက ကောင်းလွန်းလို့မဟုတ်ဘူး၊ လူကြမ်းက ဆိုးလွန်းတော့ မင်းသမီးကို လူတွေက သနားကြတာပေါ့” (စကားလုံးအတိအကျမဟုတ်ပါ- အဲဒီသဘောဆောင်) တဲ့... စစ်ထောက်လှမ်းတွေ ဆိုးလွန်းတဲ့အကြောင်း သခင်သိန်း သရုပ်ဖေါ်သွားတာဖြစ်ပါတယ်။
အဲဒီနောက်... သခင်ချန်ထွန်း... ဗိုလ်တထောင် အယ်ဒီတာချုပ်ဟောင်း ဦးထိန်လင်း... ဦးအောင်မြင့် စသဖြင့် ဝါရင့်နိုင်ငံသမားရေးတွေက တဦးပြီးတဦး အဲဒီကာလ စစ်ထောက်လှမ်းရေးတွေ ဆိုးသမျှကို အရင် ကိုလိုနီခေတ်၊ ဂျပန်ခေတ် အခြေအနေတွေနဲ့ ယှဉ်ပြီးပြောသွားတာ...
ပြီးတော့ စာရေးဆရာ ကဗျာဆရာတွေထဲက... ဆရာကြီး ဒဂုန်တာရာက အရင်ဆုံး အင်တာဗျုး ပေးတယ်ထင်ပါတယ်။ အဲဒီနောက် မန္တလေးဖက်က အညာသားဆရာတွေဖြစ်တဲ့ ဆရာကြည်အောင်နဲ့ အခု ကွယ်လွန်သွားတဲ့ (အခြားဆရာကြီးတွေက သူ့အရင် ကွယ်လွန်သွားကြပါပြီ) ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) တို့ဟာ အဲဒီခေတ်က စစ်ထောက်လှမ်းရေးနဲ့ စစ်အုပ်ချုပ်ရေးကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြခဲ့သူတွေဖြစ်ပါတယ်။
တင်မိုး - ကြည်အောင် - ကိုလေး ဆိုတာ တခေတ်တခါက မန္တလေးတက္ကသိုလ်က စာပေသူရဲကောင်းတွေပေါ့။ ဆရာတင်မိုးကတော့ DVB ကို အင်တာဗျုးပေးရုံတင် မကဘူး။ DVB နော်ဝေရုံးချုပ်မှာ တာဝန်ထမ်းခဲ့သူ၊ ကဗျာတွေ၊ ဆောင်းပါးတွေများစွာနဲ့ စစ်အုပ်စုကို ထောက်ပြဝေဖန်သွားသူဖြစ်ပါတယ်။
စစ်ထောက်လှမ်းရေးတွေကို ၁၀ နှစ်ကျော်ကြာ ထိုင်ကန်တော့နေရရှာတဲ့ လူထုကြီးလည်း ဒီလို ဝါရင့်နိုင်ငံရေးသမား သခင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ ရဲရဲတောက် စကားသံတွေကို ကြားလိုက်ရတဲ့အချိန်မှာ နည်းနည်းတော့ မျက်စိပွင့်လာ... ဒီလို ပြောရဲဆိုရဲသူတွေ ရှိနေဆဲပါလားဆိုပြီး အားတက်လာပုံရပါတယ်။
ပြည်တွင်းကို တယ်လီဖုန်းခေါ်ရင် (အဲတုန်းက လက်နက်ကိုင်ဖုန်း- အင်တာနက် မပေါ်သေး၊ လိုင်းဖုန်းတောင် တရွာတလုံး မရှိသေးလို့ ဖုန်းရှိတဲ့ မြို့ကအိမ်ဆီ ရွာကလူတွေ စုပြုံလာစောင့်နေရလို့ အော်စလိုအချိန် မနက်အစောကြီး ဖုန်းထခေါ်ရတာ သတိရမိသေး) အရင်ကထက် ပြောရဲသူ ပိုများလာတာ သတိထားမိပါတယ်။
---
(၂) လူချင်းတွေ့ခွင့်မရလိုက်သော သူရဲကောင်းများ...
အခုတော့ ရှေ့မှာဖေါ်ပြခဲ့တဲ့ အမှောင်ခေတ်ထဲမှာ အလင်းပြခဲ့တဲ့ သူရဲကောင်းတွေ အားလုံး ကွယ်လွန်သွားခဲ့ပါပြီ၊ သူတို့တတွေကို တယ်လီဖုန်းထဲကနေ ကျနော် စကားပြောခဲ့ဖူးပေမယ့် လူချင်း တွေ့ခွင့်မရလိုက်ပါဘူး။
ကဗျာဆရာကြီး ဦးတင်မိုးက ကျနော် အော်စလိုကို မရောက်ခင် ရက်ပိုင်းအလိုကမှ နော်ဝေကနေ အမေရိကားဖက် ပြောင်းသွားတာပါ။
ဒီလိုနဲ့ ခေတ်တွေပြောင်းလို့... ၂၀၁၃ ခုနှစ် ဦးသိန်းစိန်ခေတ်မှာ ပထမ အကြိမ် ပြည်တော်ပြန်ခွင့်ရချိန် သခင်သိန်းဖေ၊ ဆရာဒဂုံတာရာအပါဝင် အမှောင်ခေတ်မှာ DVB ကို တလေးတစားနဲ့ အင်တာဗျုးပေးခဲ့သူတွေကို သွားတွေ့မလား စဉ်းစားပေမယ့် အချိန်မရလို့ မတွေ့ဖြစ်လိုက်ပါဘူး။
၂၀၁၄ ခုနှစ် ဒုတိယအကြိမ် အပြန်မှာတော့ ဆရာကြီးတွေ အတော်များများက ဆုံးပါးကုန်ပြီ၊ မန္တလေးဖက်ရောက်တော့ ဦးပိန်တံတားအနီးက တောင်လေးလုံးကျောင်းတိုက်ဆီသွားပြီး ဆရာဒဂုံတာရာနဲ့ ဆရာတင်မိုးတို့ရဲ့ ကျောက်စာတိုင်တွေကို အလေးပြုခဲ့တာ အမှတ်ရနေပါတယ်။
ဆရာကြီးဒဂုံတာရာဆိုရင် လူချင်းသာ မတွေ့ဖူးတာ- သူ့ စာပေသြဇာက သိပ်လွှမ်းမိုးတယ်ပြောရမလား... “အောင်ဆန်း သို့မဟုတ် အရိုင်း” ပါဝင်တဲ့ ရုပ်ပုံလွှာစာအုပ်ထဲက သရုပ်ဖေါ်ရေးဟန်တွေက အခုထိ ကျနော့်ကို လွှမ်းမိုးနေဆဲ။
ပြီးတော့ “ရန်သူမရှိ - မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဖြစ်တယ်” ဆိုတဲ့ နိုင်ငံရေးအယူအဆ...“ပြည်ထောင်စုဆိုတာ... ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည် စသဖြင့် တိုင်းပြည်ငယ်အသီးသီးက စုပေါင်းနေထိုင်ကြတဲ့ စနစ်ပေါ့” တဲ့...။
အဲဒါ...ဖက်ဒရယ်ဆိုတဲ့စကားလုံးကိုတောင် လူအများစုက မပြောရဲသေးတဲ့အချိန်မှာ သူက ပြောသွားတာ၊
အခုတော့ ဆရာတာရာအပါဝင် သခင်တွေ၊ စာရေးဆရာတွေဟာ ငြိမ်းချမ်းရေးကိုလည်း မြင်ခွင့်မရ၊ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း တွေ့ခွင့်မရပဲနဲ့ ကွယ်လွန်ကုန်ကြပါပြီ။
... ဆရာတော် ဦးပညာ ကျောင်းဆောင်နဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်မှာတော့ ဆရာကြီးဦးညိုမြ၊ ဆရာမြသန်းတင့်၊ မဟာဆွေ၊ တက္ကသိုလ်မောင်စောလွင်၊ ငွေဥဒေါင်းတို့အတွက် သစ်ပင်၊ ကျောက်စာတိုင်နဲ့ ထိုင်ခုံတွေရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ကဗျာဆရာ၊ စာရေးဆရာကြီးတွေကို လေးစားတဲ့အနေနဲ့ အခုလို အမှတ်တရ ကျောက်စာတိုင်တွေ၊ သစ်ပင်တွေ၊ ပြတိုက်တွေ လုပ်ထားနိုင်တာ မဆိုးဘူးပြောရမယ်။ ဒါပေမယ့် ဒါဟာ တာဝန်ရှိ၊ တာဝန်သိ အစိုးရမင်းတွေက လုပ်ပေးထားတာမျိုးမဟုတ်ဘူး။
ဆရာတော် ဦးပညာနဲ့ မန္တလေးဝန်းကျင်က စာပေချစ်သူတွေက သူ့တို့အသိနဲ့ သူတို့ တနိုင်တပိုင် လုပ်ထားကြတာမျိုးပါ။
အဲဒီ တောင်လေးလုံးကျောင်းကနေ ပြန်ထွက်လာတော့ ၂၀၀၂ ခုနှစ်၊ ကားဒစ်တက္ကသိုလ်မှာ သတင်းစာပညာ သင်တန်းတက်စဉ်က ကျနော် ရောက်ခဲ့ဖူးတဲ့ Stratford မြို့ရှိ အင်္ဂလိပ် ပြဇတ်ရေးဆရာကြီး ရှိတ်စဖီးယား Shakespeare ရဲ့ မွေးဖွားရာ နေအိမ်ကို ပြန်မြင်ရောင်မိပါတယ်။
အင်္ဂလိပ်တွေ ဘယ်လိုများ စနစ်စကျ ထိန်းသိမ်းထားသလဲ ဆိုတာ အံ့သြစရာကြီး ။ နှစ်ပေါင်း ၄၅၀ ကြာတဲ့အထိ အရင်ပုံစံအတိုင်း ထိမ်းထားပြီး ပြတိုက်အဖြစ် ပြသထားနိုင်တာ မြန်မာပြည်နဲ့စာရင် မယုံချင်စရာကြီး...။
----
(၃) အမှောင်ခေတ်ခြင်း အတူတူ အခု စကမ ခေတ်မှာ လူကြီးတွေ ဘာကြောင့်မပြောရဲကြတာလဲ...
အဲတော့... အခု ၂၀၂၅ နိုဝင်ဘာဟာ ၂၀၀၅ နိုဝင်ဘာနဲ့ အခြေအနေ ဘာကွာလို့လဲ...။ ၂၀၀၅ တုန်းကလည်း စစ်တပ်က အာဏာသိမ်းထားချိန်၊ စစ်ထောက်လှမ်းရေးတွေ အာဏာပြနေချိန်... ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ဖမ်းဆီးခံထားရချိန်၊ NLD ပါတီ ဘာမှလှုပ်ရှားခွင့်မရတဲ့ အခြေအနေပါပဲ။
အခု ၂၀၂၅ နိုဝင်ဘာမှာလည်း စစ်တပ်က အာဏာသိမ်းထားချိန် (အာဏာသိမ်း စစ်ဗိုလ်အမည်တွေကတော့ ပြောင်းသွားတာပေါ့) စစ်ထောက်လှမ်းရေးတင်မက ရှိသမျှ စစ်သားအကုန် အာဏာပြနေချိန်... ဒေါ်အောင်ဆန်းစုကြည်ကို (အကျယ်ချုပ်မဟုတ်တော့) ထောင်ထဲထည့်ထားချိန်၊ NLD ပါတီ ဘာမှလှုပ်ရှားခွင့်မရတဲ့ အခြေအနေပါပဲ...
ဒီလိုအခြေအနေမျိုးမှာ ဒါတွေဟာ တရားမျှတမှု မရှိဘူး၊ စစ်တပ်က ထင်ရာစိုင်းနေတယ်... .. “ဒီကောင်လေးတွေက အခုမှ စစ်ထဲရောက်တာ ဘာကြာသေးလို့လဲ... အန်ကယ်တို့ တော်လှန်ရေးလုပ်စဉ်က ဒီကောင်လေးတွေ မွေးတောင်မမွေးသေးဘူး”...လို့ ပြောရဲသူ၊ ပြောနိုင်သူ ဘယ်သူရှိသလဲ...
ဘာကြောင့် မပြောရဲကြတာလဲ...
အသက် ၉၀၊ ၁၀၀ တန်း (ဒုတိယကမ္ဘာစစ်ဖြစ်တာ ၁၉၄၅ ဆိုတော့ အဲဒီခေတ်ကို အသက် ၂၀ မှာ မီခဲ့သူဟာ အခု အသက် ၁၀၀ ရှိနေပါပြီ) သခင်တွေ၊ တော်လှန်ရေးသမားဟောင်းတွေ မရှိတော့လို့လား...
မအလ တွေ၊ လဖက်ခြောက်တွေထက် အသက် ၂၀ လောက်ကြီးတဲ့ လူတွေ၊... အသက် ၈၀ တန်းတွေထဲမှာ ပြောရဲဆိုရဲရှိသူတွေ မရှိကြတော့ဘူးလား...
ပြည်ပကလူတွေချည်း ပြောရဲ နေလို့မဖြစ်သေး။ သခင်သိန်းဖေတို့ ခေတ်ကလို ရန်ကုန်-မန္တလေးကလူတွေပါ ထ ပြောရဲဖို့ လိုလာနေပြီဖြစ်ပါတယ်။
လူတွေ အဲလိုပြောရဲဆိုရဲဖြစ်လာပြီး သိပ်မကြာခင်မှာ ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတတ်တာကိုလည်း သတိထားမိပါတယ်။
ဒါကြောင့် အခုချိန်မှာ ရှေ့မှာ တင်ပြခဲ့တဲ့ သခင်သိန်းဖေကနေ ကိုလေး (အင်းဝဂုဏ်ရည်) အထိ အမှောင်ခေတ်ထဲမှာ လူထုကို လမ်းပြသွားတဲ့ သူရဲကောင်းတွေကို အထူး သတိရအောက်မေ့နေမိပါတယ်။. ။
Friday, November 28, 2025
တီးတိန်က စစ်တပ်စခန်း ချင်းညီနောင် သိမ်းပိုက်... တန်ဆည်က ပျု စခန်း PDF သိ...
“အနိမ့်အမြင့် အတက်အကျတွေရှိပေမယ့် တော်လှန်ရေးက ရှေ့ကိုသွားနေပါတယ်”
Thursday, November 27, 2025
ကစပ ၁၆ အနီး တိုက်ပွဲထပ်ဖြစ်... မိုးကုတ်မြို့ထဲ စစ်တပ်ဝင်လာဟုဆို...
“စစ်ကောင်စီရွေးကောက်ပွဲအပေါ် ထိုင်းဖက်က ထုတ်ပြောလာတာကို လေးစားအသိအမှတ်ပြ...
Wednesday, November 26, 2025
၀က်လက်တိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းအလိုက် ထပ်ပြုတ်... လေးမျက်နှာဖက်မ...
“မိုးကုတ်-မိုးမိတ်ကို ကာကွယ်ဖို့ PDF တွေမှာ အခက်အခဲရှိနိုင်ပါတယ်”
Tuesday, November 25, 2025
ကြို့ပင်ကောက်တိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျားဖြန့်နှိမ်နှင်းရေး KNU ဆော...
“သမ္မတထရမ့် အစိုးရရဲ့ မူဝါဒက နည်းနည်းတော့ ပြောင်းလာတယ်”
Monday, November 24, 2025
ခင်ဦးတိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းအလိုက်ပြုတ်... ရွှေသောင်ယံဘက်မှာ တိုက...
Sunday, November 23, 2025
ကျားဖြန့်လုံခြုံရေး တပ်သား ၂၀ ကျော်နဲ့ လက်နက် ၂၀၀ နီးပါး ဖမ်းမိ... ခင်ဦး...
Saturday, November 22, 2025
စစ်ကောင်စီရဲ့ စက်တပ်လေထီး PDF ပစ်ချ... ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင...
Friday, November 21, 2025
ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နိုင်-ကျဉ်းတဦးကို PDF တွေ ကယ်တင်...
Thursday, November 20, 2025
မောတောင်ဖက် စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်...
“စစ်တပ် ခိုင်းတာ မလုပ်ချင်ရင် စစ်တပ်အောက်မှာ မနေနဲ့ပေါ့”
Wednesday, November 19, 2025
မိုးညှင်းမြို့နယ် ရဲစခန်း KIA တိုက်ခိုက်... ကနေဒီတောင်ကို PDF-Zoland ပြန...
Tuesday, November 18, 2025
ချင်းတောင်တိုက်ပွဲ စစ်သား ၁၀၀ ခန့်အထိသေဆုံး... မုံရွာမြို့နယ်က ရဲစခန်း ...
“မောတောင်က စစ်ရေးအပြင် ရန်သူရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကိုပါ ဖြတ်တောက်နိုင်တ...
Monday, November 17, 2025
ကပစ တွေအနီး PDF တိုက်ခိုက်... ကျားဖြန့်တွေကို တကယ်အရေးယူမယ်လို့ BGF ပြော..
Sunday, November 16, 2025
အောင်ပွဲခံ ဓာတ်ပုံရိုက်နေတဲ့ စစ်သားတွေ AA ဗုံးစာမိ... ယောချောင်းတိုက်ပွဲ...
Saturday, November 15, 2025
“ကိုယ့်ဖက်က တမြို့နှစ်မြို့ပေးလိုက်ရတာကိုချည်း မကြည့်နဲ့၊ စစ်တပ်ဖက်က စစ်...
Friday, November 14, 2025
မောတောင် ကုန်သွယ်ရေးမြို့ကို KNLA သိမ်းပိုက်... နေပြည်တော်အနီးအထိ တော်လှ...
မောတောင်မြို့သိမ်းတိုက်ပွဲ ... ပဒိုစောအယ်နားနှင့် မေးမြန်းချက်
Thursday, November 13, 2025
နေပြည်တော်အနီးက အမြန်လမ်းဂိတ်စခန်း PDF ဝင်တိုက်... DKBA ကို အမေရိကန် သတိ...
“ကျားဖြန့်လုပ်ငန်းက မြန်မာပြည်အတွင်းပိုင်းကိုရောက်သွားနိုင်တယ်”
Wednesday, November 12, 2025
ကန့်ဘလူတိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းအလိုက်ပြုတ်... မောတောင် နယ်စပ် တ...
“ရခိုင်နဲ့ ဆက်စပ်ဒေသကြီးတခုလုံး လွတ်မြောက်ရေး ဦးဆောင်ပေးနိုင်ဖို့ မျှော်...
Tuesday, November 11, 2025
“မြေပြင်မှာ မဲမဆွယ်ရဲလို့ အွန်လိုင်းပေါ်မဲဆွယ်ရာကနေ ဒီဂျီတယ် ဖမ်းဆီးမှုတ...
စစ်သား ၈၀ နီးပါး AA ထံ လက်နက်ချ... စစ်ဆင်ရေးကိစ္စအတွက် AA နှင့် CB ဆွေးန...
Monday, November 10, 2025
စစ်တပ်ထိုးစစ် ရိုက်ချိုးရေးအတွက် AA နှင့် CB ဆွေးနွေး... ရန်ကုန်-ပဲခူး ပ...
Sunday, November 9, 2025
တပ်မ ၂၂ က စစ်သား ၂ ဦး လက်နက်ချ... ဝက်လက်တိုက်ပွဲ စစ်သား ၁၀ ကျော်သေဆုံး...
Saturday, November 8, 2025
“အမေရိကားမှာနေရင် အမေရိကန်တယောက်လို စဉ်းစားတွေးခေါ်ဖို့ လိုပါတယ်”
Friday, November 7, 2025
တီးတိန်တိုက်ပွဲ စစ်သား ၄၀ ခန့်သေဆုံး... ရေနံသာရဲစခန်း PDF သိမ်းပိုက်...
Thursday, November 6, 2025
တောင်သာ မကျီးရိုးဂိတ်ကို PDF သိမ်းပိုက်... မိုးကုတ် ပြန်ပေးရေး လက်မခံကြေ...
Wednesday, November 5, 2025
မြင်းခြံက ပျုစခန်း PDF သိမ်းပိုက်... သရက်ချောင်းတိုက်ပွဲ သေနတ် ၇ လက်ရရှိ...
“မိုးကုတ်-မိုးမိတ်ကာကွယ်ရေး ကနေတဆင့် အညာတပ်ပေါင်းစု ဖော်ဆောင်နိုင်ဖို့ လ...
Tuesday, November 4, 2025
မိုးကုတ်-မိုးမိတ်သို့ PDF စစ်ကူအဖွဲ့တွေ ရောက်ရှိ... ဖာပွန်ဒေသဆီ စစ်တပ်က ...
“မိုးကုတ်-မိုးမိတ်ကာကွယ်ရေးဟာ အညာဒေသ တော်လှန်ရေးတပ် အားလုံးရဲ့ တာဝန်ဖြစ်...
Monday, November 3, 2025
“တော်လှန်ရေး ဦးဆောင်မှုအခန်းမှာ တိုင်းရင်းသားတွေ ကိုယ်တိုင် ဝင်ပါဖို့ လိ...
ကျောက်ဖြူတိုက်ပွဲ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်... မိုးကုတ်- မိုးမိတ်...
“TNLA က နောက်ဆုတ်လိုက်တာနဲ့ အဲဒီနယ်မြေကြီးတခုလုံးကို စစ်တပ်က ပြန်ရသွားတဲ...
Sunday, November 2, 2025
မင်းလက်ပံတိုက်ပွဲ လက်နက်များစွာသိမ်းမိ... နတ်ရေကန်စခန်းက စစ်သား ၂၀ ကျော်...
Saturday, November 1, 2025
“ကိုယ့်သဘော ကိုယ်ဆောင်တာများနေရင် ခရီးရောက်ဖို့ မလွယ်ဘူး”











