Sunday, January 19, 2025

ကစပ ၂၁ ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ် ... မြောက်ဦးက စစ်သုံ့ပန်းစခန်းကို...


ကစပ ၂၁ ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ် ... မြောက်ဦးက စစ်သုံ့ပန်းစခန်းကို စကစ ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၀ ဇန်နဝါရီ ၂၀၂၅

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်ရှိ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ ၂၁) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ တိုက်ခိုက်ရာမှာ ထိခိုက်ပျက်စီးမှု များတယ်လို့ BWM (Brave Warriors for Myanmar) က သတင်းထုတ်ပြန်ပါတယ်။

စစ်လေယာဉ်တွေအတွက် ပေါင် ၅၀၀ Cluster ဗုံးသီးတွေ အဓိက ထုတ်လုပ်ပေးနေတဲ့ ဒီစက်ရုံကို ဇန်နဝါရီ ၁၈၊ ညနေ ၄ နာရီခွဲခန့်မှာ တိုက်ခိုက်တာလို့ ဆိုပါတယ်။

စက်ရုံ ထိခိုက်ပျက်စီးတယ်လို့ သတင်းရထားပေမယ့် အသေစိတ် စုံစမ်းနေဆဲလို့ ဖော်ပြပါတယ်။ ဒီစစ်ဆင်ရေးကို BWM- Brave Warriors for Myanmar၊ Eagle Brigade (ANyar Eagle) ၊ No More Dictatorship-NMD၊ Shadow (Mandalay) နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မြောက်ဦးမြို့နယ်ရှိ စစ်သုံ့ပန်း မိသားစုတွေကို ထိန်းသိမ်းထားတဲ့ နေရာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် ၂၈ ဦး သေဆုံး၊ ၂၅ ဦးဒဏ်ရာရ...

- ရွှေသောင်ယံနဲ့ ဘောမိဖက်မှာ စစ်ကောင်စီတပ်နဲ့ AA (အာရက္ခတပ်တော်) ဦးဆောင်တဲ့ မဟာမိတ်တွေ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဖက်က ထိခိုက်မှုများနေ...

- အုတ်တွင်းမြို့နယ်၊  သံတိုင်ခင်ကျေးရွာအနီး လှည့်ကင်းထွက်လာတဲ့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေ ပါတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ၆ ဦးသေ၊ လက်နက် ၅ လက် ရရှိ...

- ညောင်လေးပင်မြို့အဝင်၊ ကြံ့ဘိုကုန်းကျေးရွာနဲ့ မုက္ခမူ‌ ကျေးရွာရှိ စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ ၃ ဦးသေဆုံး၊ သေနတ် ၃ လက် ရရှိ...

- ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီနဲ့ PNO (ပအိုဝ်းပြည်သူ့စစ်) ဘက်က ၁၀၀ ခန့် သေဆုံးတယ်လို့ PNLA (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်...

- မုံရွာ၊ နမခ (အနောက်မြောက်တိုင်း စစ်ဌာနာချုပ်) က စစ်သား ၄ ဦး လက်နက်တွေနဲ့ အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ Union Liberation Front (ULF) က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More