Wednesday, January 15, 2025

စစ်ကောင်စီ ဒု-ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ ... ကပစ ၂၄ ကို PDF...


စစ်ကောင်စီ ဒု-ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ ... ကပစ ၂၄ ကို PDF တွေ တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၆ ဇန်နဝါရီ ၂၀၂၅

ကယားပြည်နယ်နေ့ ပွဲတက်ဖို့အတွက် စစ်ကောင်စီ ဒု-ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ကို ရောက်နေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Mountain Knights Civilian Defense Force (MKCDF) က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄၊ ည ၇ နာရီခန့်မှာ ကယားပြည်နယ် ခန်းမနဲ့  လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ - လွိုင်ကော်) ရုံးကို ပစ်ခတ်တာဖြစ်ပါတယ်။ ဒုံး ၇ လုံးမှာ ၆ လုံးက ပစ်မှတ်ကို ထိမှန်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ Mountain Knights Civilian Defense Force (MKCDF) နဲ့ Anti-Coup People’s Liberation Force (ACPLF) ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်စခန်းကို ဇန်နဝါရီ ၁၅၊ မွန်းတည့် ၁၂ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် စစ်ရှောင် ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ...

- ဗန်းမော်မြို့ မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁) ရှေ့မှာ မြင်ကွင်းပိတ်နေတဲ့ လူနေအိမ်တွေကို စစ်တပ်က ဘူဒိုဇာတွေနဲ့ ထိုးဖြိုနေ...

- ရပ်စောက်မြို့နယ်၊ ကျောက်ဂူဘက်မှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တိုက်ပွဲပြင်းထန်နေ...

- တောင်သာမြို့နယ်၊ သံမဏိစက်ရုံကထွက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ရဲတဦးကို လက်နက်နဲ့အတူ လက်ရ ဖမ်းမိ...

- ပေါက်မြို့နယ်ရှိ အမှတ် ၂၄ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်...

- PDF အမှတ် ၁ စစ်ဒေသ၊  အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ အမှတ်စဉ် ၄  လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More