ဝက်လက်တိုက်ပွဲ စစ်ကောင်စီအထိနာပြီး လက်နက် ၅၀ ကျော် PDF ရရှိ ... ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ....
(၇- ၁- ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားရောက်လာတဲ့ အင်အား (၇၀) ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ အများအပြားသေဆုံးပြီး လက်နက်မျိုးစုံ (၄၅) လက် ရရှိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်တာဖြစ်ပြီး ရရှိလက်နက်တွေထဲမှာတော့ ၆၀ မမ စိန်ပြောင်း၊ RPG လောင်ချာ၊ ငါးကြာင်းမြီး စက်လတ် အပါဝင် လက်နက်မျိုးစုံ ၄၅ လက်နဲ့ ခဲယမ်းများစွာဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။
ဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်တာလို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- ဇန်နဝါရီ ၅ ရက်မှာပဲ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာဖက်ရောက်လာတဲ့ အင်အား (၈၀) ကျော်ပါ စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းနဲ့မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ ၂၀ ကျော် သေဆုံး၊ ၃ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၅ လက်ရရှိ...
- နွားထိုးကြီးမြို့နယ် ဝက်လူးရွာဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို နဂါးနီ ပြောက်ကျားအဖွဲ့- မြင်းခြံက တိုက်ခိုက်ရာမှာ စစ်သားတွေဒါဇင်နဲ့ချီ သေဆုံးပြီး လက်နက်အချို့ သိမ်းမိ...
- ပုဏ္ဏားကျွန်းမြို့နယ် အင်ဇုံပြင်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် တယ်လီဖုန်းသုံးနေကြတဲ့ အရပ်သား ၄ ဦး သေဆုံး...
- တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းက ရဲတပ်သားတဦးနဲ့ သူ့ရဲ့အမျိုးသမီးတို့ဟာ မြိုထဲ ကွမ်းယာထွက်ဝယ်စဉ် တော်လှန်ရေးတပ်တွေနဲ့တိုးပြီး လက်ရ ဖမ်းမိ၊ လက်နက်ငယ်တလက်ရရှိ...
- ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ဦး အပါအဝင် စစ်သားနဲ့ ရဲသား (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment