Tuesday, January 21, 2025

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးကြဲ... ဗန်းမော်မှာ KIA စစ်ရှိန်မြှင့်.....


နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးကြဲ... ဗန်းမော်မှာ KIA စစ်ရှိန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၂ ဇန်နဝါရီ ၂၀၂၅

TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား တဦးသေ၊ ၂ ဦးဒဏ်ရာရ၊ အဆောက်ဦအချို့ ပျက်စီးတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၁၊ မွန်းလွဲ ၂ နာရီခန့်မှာ နောင်ချိုမြို့စည်ပင်ရုံးနဲ့ ထွေ/အုပ်ရုံး အနီးကို ဂျက်လေယာဉ်က ဗုံး ၂ လုံး ကြဲသွားရာမှာ အရပ်သား တဦးသေ၊ ၂ ဦး ဒဏ်ရာရပြီး  စည်ပင် ရုံးနဲ့ လူနေအိမ်တလုံး ပျက်စီးတယ် ဆိုပါတယ်။

ဇန်နဝါရီ ၁၃ မှာ ကျောက်မဲမြို့ကို ဗုံးကြဲပြီးနောက် အခု နောင်ချိုကို ကြဲတာဖြစ်ပြီး ဒီ ၂ နေရာစလုံးမှာ ဘာတိုက်ပွဲမှ မရှိဘဲ အရပ်သားတွေကို တမင်ဗုံးကြဲတာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- MNDAA (ကိုးကန့်တပ်) နဲ့ စစ်ကောင်စီတပ် အပစ်ရပ် လက်မှတ်ထိုးတယ်လို့ တရုတ်ဘက်က ထုတ်ပြောပြီးနောက် နယ်စပ်ဂိတ်တွေကို တရုတ်က ပြန်ဖွင့်ပေး...

- ဗန်းမော်မှာ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက စစ်ကောင်စီရဲ့ ခလရ ၄၇ နဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁ ) ကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်တွေဟာ လေယာဉ်ပေါ်က ချပေးတဲ့ ရိက္ခာကိုပဲ အားကိုးနေရ...

- မုံရွာ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ကနေ ချောင်းဦးဘက် ထွက်လာတဲ့ သံပြားကာ ယာဉ်တန်း ၁၀ စီးကို ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိင်...

- NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး) ကို  လက်နက် ၅၀ ပေးအပ်...

- ဟားခါးက ပြည်သူ့စစ် ၄ ဦးဟာ လက်နက်တွေနဲ့အတူ CDF-Hakha ထံ အလင်းဝင်လာ...

- အောင်ဇေယျ စစ်ကြောင်းက နောက်ထပ် စစ်သား ၂ ဦးဟာလည်း PDF ထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။


သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More