Sunday, January 12, 2025

ကျောက်တော်၊ တနိုင်းနဲ့ ဆီဆိုင်မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲ... တောင်ငူလ...


ကျောက်တော်၊ တနိုင်းနဲ့ ဆီဆိုင်မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲ... တောင်ငူလမ်းတိုက်ပွဲမှာ စစ်တပ်အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၃ ဇန်နဝါရီ ၂၀၂၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ လူစည်ကားတဲ့ နေရာတွေကို စစ်ကောင်စီ လေယာဉ် ၃ ကြိမ်လာပြီး ဗုံး ၁၅ လုံး ကြဲသွားတဲ့အတွက် သေဆုံး ထိခိုက်မှု များနိုင်တယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၁၊ မနက် ၉ နာရီခန့်မှာ ဗုံးကြဲသွားတာတာဖြစ်ပြီး အသေးစိတ်ကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဒီ ဗုံးဒဏ်ကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး ဒဏ်ရာရာသူနဲ့ အပျက်အစီးတွေကို စုံစမ်းနေဆဲလို့ ဒေသတွင်း မီဒီယာ Western News က ဖော်ပြပါတယ်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာ ဇန်နဝါရီ ၈ မှာ ဗုံးကြဲခံရလို့ အရပ်သား ၄၁ ဦးသေ၊ ၂၇ ဦးဒဏ်ရာရ၊ နေအိမ် ၄၀၀ နီးပါး ပျက်စီးရမှုကြောင့် စစ်ကောင်စီကို ပြည်တွင်း ပြည်ပ ဝေဖန်မှု မြင့်တက်နေစဉ် အခု ကျောက်တော်ကိုပါ ဆက်တိုက် ဗုံးကြလာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- တနိုင်းမြို့နယ်၊ လပူခ ရွှေမှော်လုပ်ကွက်ဘက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ...

- ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦး သေဆုံး၊ တဦး ဒဏ်ရာရ...

- တောင်ငူ-သံတောင် လမ်းပေါ်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေ၊ လက်နက်ငယ် ၃ လက်ရ...

- AA (အာရက္ခတပ်တော်) နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ဧရာဝတီတိုင်း၊ ရွှေသောင်ယံ မြို့အထိ ရောက်လာတဲ့အတွက် ချောင်းသာ ကမ်းခြေသွား ပုသိမ်-ချောင်းသာလမ်းကို ဇန်နဝါရီ ၁၃ က စပြီး ပိတ်ဖို့ စစ်ကောင်စီဘက်က ပြင်နေဟု သတင်းထွက်...

- မြိုင်မြို့ပေါ်ရှိ တပ်စခန်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ် ၄ ဦးကို ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက လက်ရဖမ်းမိ...

- ဘုတ်ပြင်းမြို့နယ် အခြေစိုက် ခမရ ၅၅၉ က တပ်သား ၂ ဦး၊ ပဲခူးတိုင်း အခြေစိုက် ခလရ ၁ က တပ်သားသစ် တဦး၊ ပေါက်မြို့နယ်၊ ကိုင်းလယ် ရဲစခန်းက ရဲတပ်သား တဦးဟာ လက်နက်ငယ်တလက်စီနဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More