ခမ်းပတ်နဲ့ မော်လူးကို စစ်လေယာဉ် ဗုံးကြဲ... နမခ ဌာနချုပ်ကို PDF ရှော့တိုက်ဒုံးနဲ့ပစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၈ ဇန်နဝါရီ ၂၀၂၅
PDF - ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ အပါအဝင် ၆ ဦး သေဆုံး၊ အချို့ဒဏ်ရာရ၊ နေအိမ်တွေ ပျက်စီးတယ်လို့ Chin World Media က ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၆၊ ည ၉ နာရီခန့်မှာ ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ကို ဗုံး ၃ ကြိမ် ကြဲသွားစဉ် အခုလို ထိခိုက်သေဆုံးရတာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ ဦးနဲ့ ဘုန်းတော်ကြီးတပါး ပါဝင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ် ကလေး-တမူး ကားလမ်းပေါ်မှာ တည်ရှိတဲ့ ခမ်းပတ်မြို့မှာ ချင်းတိုင်းရင်းသား အများစု နေထိုင်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ မှာ PDF နဲ့ မဟာမိတ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
NUG (အမျိုးညီညွှတ်ရေးအစိုးရ) ဝန်ကြီးတဦးက NUG အစိုးရ ရုံးတွေကို စစ်ကိုင်းတိုင်းမှာ အခြေစိုက်မယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီက အခုလို ဗုံးကြဲတာလို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- PDF တပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကိုလည်း ဇန်နဝါရီ ၁၆၊ ည ၁၁ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဈေးသည်နဲ့ ခရီးသွားပြည်သူ ၃ ဦး သေဆုံးပြီး ...
- စစ်ကောင်စီတပ်နဲ့ SNA- ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်က ခေတ္တာ သိမ်းယူသွားတဲ့ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို KIA-နဲ့ KPDF ပူးပေါင်းတပ်တွေက ပြန်သိမ်းယူ...
- ရပ်စောက် မြို့နယ်၊ ကျောက်ဂူ ဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့တွက် အမျိုးသမီး ၂ ဦး၊ အမျိုးသား တဦးသေဆုံးပြီး ကလေးငယ်တဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရ...
- မုံရွာမြို့ရှိ နမခ -စစ်ဌာနချုပ်ဆီ စစ်တိုင်းမှူးအသစ် ရောက်လာစဉ် ရှော့တိုက်ဒုန်း အလုံး ၃၀ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brothers (CRB) က သတင်းထုတ်ပြန်...
- AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း မြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်တွေ ပျက်စီး...
- သရက်ချောင်းမြို့နယ် အောက်ပိုင်းကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေါင်းညီနောင်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment