Friday, January 31, 2025

ဖလမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိထား... စဉ့်ကူးဆေးရုံ ဗုံးကြ...


ဖလမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိထား... စဉ့်ကူးဆေးရုံ ဗုံးကြဲခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁ ဖေဖော်ဝါရီ ၂၀၂၅

ချင်းပြည်နယ်၊ ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ  လေယာဉ်နဲ့ စစ်ကူ လာချပေးတဲ့ စစ်သားတွေ အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေကို ခိုနူမ်းသုန်က ဖော်ပြပါတယ်။

ဖလမ်း မြို့သိမ်း စစ်ဆင်ရေး စတင်ပြီးရက်ပိုင်းအတွင်း ရဲစခန်းက ၄၅ ဦးကို ဖမ်းဆီးရမိပြီး နောက်ထပ် ဖမ်းမိတဲ့ သုံ့ပန်းတွေကတော့ ဒီဇင်ဘာ ၁၆ မှာ ရဟတ်ယာဉ်နဲ့ စစ်ကူလာချပေးတဲ့ ၉၇ ဦး အုပ်စုထဲကဖြစ်တယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုဆိုရင် ဖလမ်းမှာ ခလရ ၂၆၈ တပ်ကုန်း တခုတည်းပဲ ကျန်ပြီး ဒါကို မကြာခင် သိမ်းနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း CNDF က ပြောပါတယ်။ 

ဖလမ်းနဲ့ မင်းတပ် မြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာ ၉ မှာ စတင်ခဲ့ပြီး မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ မှာ သိမ်းပိုက်ပါတယ်။ အခု ဖလမ်းကို သိမ်းပိုက်နိုင်ရေး ချင်းညီနောင်အဖွဲ့က စစ်ရှိန်မြှင့်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ထိခိုက်ပျက်စီးမှုရှိ...

- မြိုင်မြို့နယ်ရှိ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) အောင်ဆန်း ပညာရပ်စုံတက္ကသိုလ် ဝန်းကျင်ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကျောင်းသူတဦး သေဆုံးပြီး ပြည်သူတဦး ဒဏ်ရာရ...

- ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ကမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ မာနယ်ပလော ဌာနချုပ်ဟောင်း နေရာမှာ ၇၆ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ...

- အသံမလွင့်ခင် နောက်ဆုံး ဝင်လာတဲ့သတင်းတွေအရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကုက္ကိုလ်ကျေးရွာရှိ စစ်ရှောင်စခန်းကို ဇန်နဝါရီ ၃၁ ညနေ ၆ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် စစ်ရှောင် ၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူလည်း များတယ်လို့ ခိုနူမ်းသုန်က ဖေါ်ပြပါတယ်။

အနီးဝန်းကျင်မှာ ဘာတိုက်ပွဲမှ မရှိပဲ စစ်ရှောင်စခန်းကို တမင်ဗုံးကြဲသွားတာလို့ ဆိုပါတယ်။ (အသေးစိပ်ကို ထပ်မံတင်ပြပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More