“အစိုးရအနေနဲ့ အညာကိုလာပြီး လူထုနဲ့အတူ မြေပြင်မှာရှိနေပေးမယ်ဆိုတာကို ကြိုဆိုပါတယ်”
- ရဲဘော်ဝေကြီး (ရေစကြိုမြို့နယ် - ပကဖ)
(၁၈- ၁- ၂၀၂၅)
“အစိုးရအနေနဲ့ အညာဒေသကိုလာပြီး လူထုနဲ့အတူ မြေပြင်မှာရှိနေပေးမယ်ဆိုတာကို ကြိုဆိုတယ်၊ ၂၀၂၅ မှာ အညာဒေသအတွင်း တိုးတက်မှုတွေအများကြီးမြင်လာရဖို့ မျှော်လင့်ထားတယ်” လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ- တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။
၂၀၂၅ မှာ အညာဒေသအတွင်း ဘာတွေထူးခြားပြောင်းလဲလာနိုင်သလဲ၊ NUG ဝန်ကြီးအဖွဲ့ အညာမှာရုံးထိုင်မယ့်အပေါ် ဘယ်လိုမြင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ရေစကြိုနဲ့ မကွေးတိုင်းနေရာအတော်များများကို တော်လှန်ရေးတပ်တွေက ထိန်းထားနိုင်ပြီလား...
- EROs ဆက်စပ်ဒေသတွေမှာပဲ မြို့သိမ်းတိုက်ပွဲတွေရှိနေပြီး အညာဒေသ အတွင်းပိုင်းမှာ မြို့မသိမ်းနိုင်သေးတာ ဘာကြောင့်လဲ...
- ၂၀၂၁ မှာ ပေါ်လာတာချင်းအတူတူ ချင်းတောင်တန်းပေါ်က လူငယ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ အညာဒေသက လူငယ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘာကြောင့် ကွာနေတာလဲ...
- NUG ဝန်ကြီးအဖွဲ့ အညာဒေသမှာ ရုံးထိုင်ရင် တော်လှန်ရေးကို ဘယ်လိုခွန်အားဖြစ်စေနိုင်သလဲ...
- ၂၀၂၅ မှာ အညာစစ်မျက်နှာရဲ့ စစ်ရှိန် ဘယ်လောက်အထိ တက်လာနိုင်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment