ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်က စစ်ကောင်စီစခန်းကို AA ဝင်တိုက်... အောင်ဇေယျစစ်ကြောင်းက စစ်သားအများအပြား KNLA ထံ လာရောက်ပူးပေါင်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(၃- ၁- ၂၀၂၅)
ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်ဒေသ ပန်းတောင်း မြို့နယ် ဥသျှစ်ပင်မြို့ အနီးရှိ တောင်ပုံကြီး စစ်ကောင်စီ တပ်စခန်းကို AA (အာရက္ခတပ်တော်) က ဝင်တိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းမီဒီဝာ Western News က ဖော်ပြပါတယ်။
ဇန်နဝါရီ ၁ ရက်၊ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီစခန်းဟာ ရခိုင်နဲ့ ပဲခူးတိုင်း အစပ် တောင်ကုတ်-ပန်းတောင်း လမ်းပေါ်ရှိ နောက်ဆုံးလက်ကျန် စခန်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံတဲ့အတွက် ရွာထဲ ဗုံးတွေကျပြီး အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
တောင်ပုံကြီး စခန်းကိုကျော်လာရင် ညောင်ကျိုးဂိတ်ကို ရောက်နိုင်ပြီး အဲဒီဂိတ် အကျော်မှာ (ကာကွယ်ရေး ပစ္စည်းစက်ရုံ) ကပစ (၃)၊ ကပစ (၅၊ ကပစ(၆) စတဲ့ စစ်လက်နက်ပစ္စည်း စက်ရုံတွေ ရှိတဲ့အတွက် အခု တိုက်ပွဲဟာ ရခိုင်ကနေ ပဲခူးတိုင်းအတွင်း ထိုးဝင်ရေးအတွက် အရေးကြီးတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ဒါ့အပြင်...
- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် အဆောက်အဦတွေ ပျက်စီးပြီး ဒေသခံတွေ အထိတ်တလန့် ထွက်ပြေးရ...
- KIO/KIA (ကချင်လွတ်လပ်ရေးတပ်မတော်) က သိမ်းပိုက်ထားတဲ့ တရုတ် နယ်စပ်ဒေသ တည်ငြိမ် ဖွံဖြိုးရေးနဲ့ စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲမှာ လူငယ်တွေနဲ့ လူထုတရပ်လုံး ပါဝင်ကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ် မင်္ဂလာ မိန့်ခွန်းမှာ တိုက်တွန်း...
- ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်ကနေ မြို့ထဲကို ပြန်လာတဲ့ စစ်ကောင်စီ ကားကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၄ ဦးသေ၊ လက်နက်ငယ် ၄ လက် ရရှိ...
- နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းက ထွက်ပြေးလာသူ၊ လက်နက်နဲ့ အတူ ပူပေါင်းလာသူတွေကို အခမ်းနားနဲ့ ကြိုဆို ဂုဏ်ပြုပြီး ဆုငွေ ပေးအပ်တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်...
- ဗျူဟာ ၃၂ ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါးဘောနဲ့အဖွဲ့ကို NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့က သွားရောက် တွေ့ဆုံ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment