Saturday, January 4, 2025

ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ဒေသကို AA ဝင်တိုက်... KNLA က ကျောက်ကြီးဖက်...


ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ဒေသကို AA ဝင်တိုက်... KNLA က ကျောက်ကြီးဖက်မှာ စခန်းထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅- ၁- ၂၀၂၄)

AA အာရက္ခတပ်တော်နဲ့ ဧရာဝတီတိုင်း PDF ပူးပေါင်းတပ်က ရခိုင်-ဧရာဝတီအစပ်မှာရှိတဲ့ မိတ်သလင် ကာကင်းစခန်းနဲ့ ရွှေသောင်ယံ၊ ချောင်းသာကမ်းခြေတွေရဲ့အပေါ်နားရှိ မကျီးဇင်ကျေးရွာအနီးက စစ်တပ်စခန်းတွေကို ဇန်နဝါရီ ၃ ရက်မှာ ဝင်တိုက်တယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။

ဒါဟာ ဇန်နဝါရီ ၂ ရက်က ငသိုင်းချောင်းအနီးရှိ ဗေဒါစစ်ဆေးရေးဂိတ်ကို တိုက်ပြီးတဲ့နောက် ဆက်တိုက်ထွက်ပေါ်လာတဲ့သတင်းဖြစ်ပါတယ်။ အဲဒီ မတိုင်ခင် ဇန်နဝါရီ ၁ ရက်နေ့ကတော့ တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ပဲခူးတိုင်းအစပ် ဥသျှစ်ပင်မြို့အနီးက တောင်ပုံကြီးစစ်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမ်းနဲ့ မကွေးတိုင်းအကြားရှိ နတ်ရေစင် စစ်ကောင်စီစခန်းကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုတွေရှိနေတယ်၊ AA နဲ့ မဟာမိတ်တွေဟာ ရခိုင်နဲ့မကွေးအစပ်၊ ပဲခူး၊ ဧရာဝတီတိုင်းအစပ်ဒေသတွေကို ဆက်တိုက် တိုက်ခိုက်နေတဲ့သဘောဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ငဖဲမြို့နယ်၊ မျော်စင်ကျေးရွာ အနောက်ဘက်ရှိ နတ်ရေကန်- လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ်နဲ့ လှည့်ကင်းထွက်လာတဲ့ စစ်သား ၆ ဦးကို PRA-မကွေး-က တိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေ၊ လက်နက်ငယ်တလက်ရရှိ...

- ကန်ပက်လက်မြို့ကနေ စခန်းစွန့်ခွာ ဆုတ်ပြေးလာတဲ့ အင်အား ၅၀ ကျော်ပါ စစ်သားနဲ့ ရဲ ပူးတွဲစစ်ကြောင်းကို လောင်းရှည်ဒေသ PDF က တိုက်ခိုက်ရာမှာ စစ်သားတဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် ၄ လက်ရရှိ...

- တောင်ငူမြို့ရှိ- ကေတုမတီ- လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MKCDF-  တောင်တန်းသူရဲကောင်းများအဖွဲ့က သတင်းထုတ်ပြန်...

- ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူသယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ မူသယ်တပ်စခန်းကို KNLA- က သိမ်းပိုက်...

- NUG- အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အမှတ် (၁) စစ်ဒေသဆီရောက်နေပြီး အထူးတိုက်ခိုက်ရေးအဖွဲ့ သင်တန်းဆင်းပွဲနဲ့ နှစ်သစ်ကူး အားကစားပွဲတွေကို တက်ရောက် အားပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More