Monday, January 13, 2025

“MyTel ကိုအရေးယူတယ်ဆိုတာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အရေးယူတဲ့သဘောပဲလေ”


“MyTel ကိုအရေးယူတယ်ဆိုတာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အရေးယူတဲ့သဘောပဲလေ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁၃- ၁- ၂၀၂၅)

“မင်းအောင်လှိုင်မိသားစုနဲ့ စစ်တပ်ရဲ့ရင်းနှီးမြှုပ်နှံမှုအများကြီးပါနေတဲ့ MyTel ကုပဏီကို အမေရိကန်က စီးပွားရေးဒဏ်ခတ်တဲ့စာရင်းထဲ သွင်းလိုက်တယ်ဆိုတာဟာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကိုပါ အရေးယူလိုက်တဲ့သဘောဖြစ်တယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့၊ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်တပ်အတွက် စုံစမ်းထောက်လှမ်းပေးနေတဲ့ MyTel ကုပဏီကို စီးပွားရေးဒဏ်ခတ်တဲ့စာရင်းထဲ သွင်းလိုက်တယ်လို့ အမေရိကန်အစိုးရက ဇန်နဝါရီ ၆ ရက်မှာ ကြေညာလိုက်တာနဲ့ပတ်သက်ပြီး...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- MyTel ကို အမေရိကန်က ဘာကြောင့် အခုမှ အရေးယူတာလဲ...

- အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်မှုက မင်းအောင်လှိုင်ကို ဘယ်လောက် ထိခိုက်စေသလဲ...

- သန်းရွှေခေတ်က ရွေးကောက်ပွဲနဲ့ထွက်သလိုမျိုး မင်းအောင်လှိုင်ခေတ်မှာ ရွေးကောက်ပွဲနဲ့ ထွက်ခွင့်ရနိုင်သေးလား..

- ဆီရီးယားမှာ အာဆတ်ထွက်ပြေးရသလိုမျိုး မြန်မာမှာ မင်းအောင်လှိုင် တကယ်ပဲ ထွက်ပြေးရတော့မလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More