မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၃ ရင်းကို KIA သိမ်းပိုက်... မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(ဇန်နဝါရီ - ၉ -၂၀၂၅)
ကချင်ပြည်နယ်၊ မံစီမြို့ရှိ ခမရ ၆၀၁၊ ခမရ - ၃၁၉ နဲ့ အမတ ၃၅၂ ကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN အတည်ပြု ပြောကြားပါတယ်။
ဒါမေပယ့် အသေးစိပ်ကိုတာ့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်၊ ဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့ ဗီဒီယို မှတ်တမ်းတွေအရတော့ စစ်ကောင်စီ တပ်ရင်း ၃ ခုစလုံးကို KIA နဲ့ မဟာမိတ်တွေက တပြိုင်တည်း ဝင်စီးတာလို့ သိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူ၊ လက်ရဖမ်းမိသူ၊ လက်နက်ချသူတွေ များတဲ့အပြင် လက်နက်များစွာ သိမ်းမိတာကိုလည်း မှတ်တမ်းပုံတွေထဲ တွေ့ရပါတယ်။ အချို့စစ်သားတွေကတော့ ဗန်းမော်အဝင်က ခလရ ၄၇ ဘက် ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၄ ရက်မှာ စတင်ခဲ့တဲ့ ဗန်းမော်-မံစီ မြို့သိမ်းတိုက်ပွဲမှာ အခု မံစီက တပ်ရင်း ၃ ခုကို သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ဗန်းမော်က စကခ ၂၁၊ ခလရ ၄၇ နဲ့ အကူ လက်ရုံးတပ်တွေကို သိမ်းဖို့ပဲ ကျန်ပါတယ်။
ဒါ့အပြင်...
- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ဇန်နဝါရီ ၈၊ နေ့လယ် တနာရီခန့်မှာ စစ်ကောင်စီလေယာဉ်က ဗုံးအလုံး ၂၀ ခန့် ကြဲသွားတဲ့အတွက် ထိခိုက်ပျက်စီးမှုရှိ...
- ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်ရှိ တောင်ပုံကြီး စခန်း၊ ရခိုင်ရိုးမနဲ့ ဧရာဝတီအစပ်ရှိ ဗေဒါ စစ်ဆေးရေးဂိတ်ကို AA (အာရက္ခတပ်တော်) နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...
- ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ မူသယ် စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးသေ၊ လက်နက်မျိုးစုံ ၂၀ ကျော်ရ...
- ဆောမြို့ ရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းက စစ်သား ၅ ဦးဟာ လက်နက်တွေနဲ့ အတူ PDF ထံ အလင်းဝင်...
- ဟားခါးမြို့က ပြည်သူ့စစ် ၃ ဦးဟာလည်း လက်နက်တွေနဲ့ အတူ CDF-Hakha ထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment