“၂၀၂၅ မှာ လွတ်မြောက်နယ်မြေတွေ အများကြီးကျယ်ပြန့်လာဖို့ မျှော်လင့်ပါတယ်”
- ဗညားခွန်အောင် (ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)
(၂၅- ၁- ၂၀၂၅)
“၂၀၂၅ မှာ လွတ်မြောက်နယ်မြေတွေ အများကြီးကျယ်ပြန့်လာတဲ့အပြင် လုံခြုံရေးအရ စိတ်ချရအောင် ဆောင်ရွက်နေတယ်၊ ဒုက္ခသည်တွေလည်း တဖြေးဖြေးချင်း အိမ်ပြန်နိုင်မယ့်အခြေအနေ ဖြစ်လာနိုင်တယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဗညားခွန်အောင်က ပြောပါတယ်။
အမေရိကန်သမ္မတသစ်က အမေရိကားကိုလာမယ့် ဒုက္ခသည်တွေကို လက်မခံသေးဘူးဆိုပြီး အမိန့်ထုတ်လိုက်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည် ရာနဲ့ချီပြီး လေယာဉ်ပေါ်တက်ခါနီးမှ ခရီးစဉ်ဖျက်လိုက်ရတဲ့အခြေနေအပါဝင် နယ်စပ်ဒေသက ဒုက္ခသည်အခြေအနေနဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်မယ့်အလားအလာအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- အမေရိကန်သမ္မတသစ်ရဲ့ မူဝါဒကြောင့် ဒုက္ခသည်တွေ ဒုက္ခထပ်ရောက်ရတဲ့ နောက်ဆုံးအခြေအနေ...
- ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံသွားရေး အဆင့်ဆင့် ဘယ်လို အချိန်ပေးဆောင်ရွက်ရသလဲ...
- ဒုက္ခသည်တွေ၊ IDP တွေ အိမ်ပြန်နိုင်ရေးအခြေအနေ ဘယ်လောက် နီးစပ်လာပြီလဲ...
- စစ်ကောင်စီတပ်အတွင်းမှာ စိတ်ဓာတ်ရော၊ လက်နက်ပစ္စည်းပါ ကျဆင်းပျက်စီးနေပြီလို့ ဘာကြောင့် ပြောနိုင်တာလဲ...
- တနိုင်ငံလုံး လွတ်မြောက်ရေးတိုက်ပွဲအနေအထား ၂၀၂၅ မှာ ဘယ်လောက်အထိ ရှေ့ကို တက်လာနိုင်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment