Monday, January 27, 2025

ရခိုင်-ပဲခူးအစပ်က မိုးထိတောင်စခန်း AA သိမ်းပိုက်... ဗန်းမော်လေဆိပ်နဲ့ သံ...


ရခိုင်-ပဲခူးအစပ်က မိုးထိတောင်စခန်း AA သိမ်းပိုက်... ဗန်းမော်လေဆိပ်နဲ့ သံချပ်ကာတပ်ရင်းတွေ KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၈- ၁- ၂၀၂၅)

ရခိုင်-ပဲခူး၊ ရခိုင်-ဧရာဝတီ၊ ရခိုင်-မကွေး နယ်စပ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေ၊ လက်နက်တွေများစွာ သိမ်းမိထားတယ်လို့ AA - အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ရိုးမနဲ့ ပဲခူတိုင်းအစပ်ရှိ မိုးထိတောင် စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၂၁ မှာ ထိုးစစ်ဆင်ပြီး ၂၆ မှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီ၊ စစ်ကောင်စီဖက်က အလောင်းတွေ၊ လက်နက်ခဲယမ်းတွေများစွာကျန်ခဲ့တယ်လို့ AA- က ပြောပါတယ်။

တချိန်တည်းမှာပဲ ရခိုင်နဲ့ ဧရာဝတီအစပ်ရှိ ပွိုင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၆၊ ပွိုင့် (၃၆၉) စခန်းကို ဇန်နဝါရီ ၂၁ မှာ သိမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၇ နေ့လယ် (၁) နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ၂၆၃ စခန်းကို ပြန်တိုက်တိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြန်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

တခါ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး၊ အမ်း-ပဒါန်း ကားလမ်းပေါ်မှာ (၂၇) မနက်ပိုင်းက တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့အကြား မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ဆုတ်ပြေးသွားတယ်။ လိုက်လံရှင်းလင်းရာမှာ အလောင်းတွေ၊ လက်နက်တွေ သိမ်းမိထားတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အမ်းမြို့နယ်ကနေ မကွေးတိုင်း ငဖဲမြို့နယ်ဖက် ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို အမ်း-ပဒါန်းလမ်းပေါ် CDF-Asho က ကြားဖြတ်တိုက်ရာမှာ ၁၇ ဦး လက်ရဖမ်းမိ၊ လက်နက် ၈ လက်ရရှိ...

- ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆင်ပြင်းထန်နေပြီး သံချပ်ကာတပ်ရင်း၊ လေဆိပ်နဲ့ အရေးကြီးနေရာအချို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြား...

- TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ဒေသ ကျောက်မဲမြို့ကို ဇန်နဝါရီ ၂၇ မှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် အရပ်သားတဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ...

ဇန်နဝါရီ ၂၅ က ကျောက်မဲပြည်သူ့ဆေးရုံ ဗုံးကြဲခံရလို့ CDM ဆရာမ (၂)ဦး၊ လူနာ (၁)ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ လူနာ ၂၀ ကျော်ဒဏ်ရာရလို့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေစဉ် ထပ်မံ ဗုံးကြဲသွားတာဖြစ်...

- ဆိပ်ဖြူမြို့နယ်ရှိ (ကပစ -၂၂) က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကင်မွန်းတောင့်ကျေးရွာက အရပ်သား ၅ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ...

- စစ်မှုထမ်းဥပဒေအရ အတင်းအကျပ်စစ်သားသစ်အဖြစ်စုဆောင်းခံရသူ တပ်သား ၇ ဦး လက်နက်နဲ့အတူ KNDF- ထံပူးပေါင်း...

- သထုံမြို့နယ် အမှတ် -၄၀၂- အမြောက်တပ်က တပ်သားသစ် ၃ ဦးဟာလည်း လက်နက်နဲ့အတူ KNU တပ်တွေထံ လာရောက်ပူးပေါင်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
 
သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More