မံစီက ထွက်ပြေးသွားတဲ့ စစ်သားတွေ ချေမှုန်းခံရ... တောင်ခမ်းဖက်မှာ စစ်ရေးတင်းမာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ …
၁၅ ဇန်နဝါရီ ၂၀၂၅
ကချင်ပြည်နယ်၊ မံစီ တိုက်ပွဲကနေ စစ်ရှုံးလို့ထွက်ပြေးသွားတဲ့ စစ်သားတွေကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက လိုက်လံ ရှင်းလင်းနေရာမှာ ရာနဲ့ချီ သေဆုံပြီး လက်နက်များစွာ ရရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မံစီက တပ်ရင်း ၃ ခုဖြစ်တဲ့ ခမရ ၆၀၁၊ ခမရ ၃၁၉ နဲ့ နှင့် အမတ ၃၅၂ ကို ဇန်နဝါရီ ၈ ရက်မှာ တော်လှန်ရေး တပ်တွေက သိမ်းပိုက်ပြီးနောက် စစ်သား ၃၀၀ ခန့်ဟာ လက်နက်တွေနဲ့တူ ဗန်းမော်မြို့အဝင်က ခလရ ၄၇ ဘက်ကို ပြေးကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ခလ၇ ၄၇ ကို မရောက်ခင် လမ်းမှာ ဖြတ်တိုက်ခံရတာ၊ စစ်သား အချင်းအချင်း ကြား လက်နက်ချ မချ သဘောထားကွဲပြီး ပစ်ခတ်တာတွကြောင့် အသေများတယ်၊ အလောင်းတွေ တွေ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို BNN က မေးမြန်းတဲ့အခါ ထွက်ပြေးနေသူတွေကို လိုက်ရှင်းနေတာ မှန်ပေမယ့် စစ်သားတွေ ရာနဲ့ချီ သေတယ်ဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ပြောပါတယ်။
မံစီ တိုက်ပွဲမှာ တော်လှန်ရေး တပ်တွေဘက်ကလည်း ပေးဆပ်မှုတွေ ရှိပြီး ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းပွဲလုပ်တယ်၊ တနိုင်ငံလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ချီတက် တိုက်ပွဲဝင်မယ်လို့ KIA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ABSDF ကျောင်းသားတပ်မတော်က သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင်...
- တနိုင်းက ရွှေမှော်တွေနဲ့ ဖားကန့်မြို့က မိုင်းလုပ်ကွက်တွေကို စစ်တပ်က ဗုံးကြဲတဲ့အတွက် အရပ်သားများစွာသေဆုံးပြီး တနိုင်းမှာ ၁၅ ဦး၊ ဖားကန့်မှာ ၇ ဦးအထိ သေဆုံးတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
- လွိုင်ကော်မှာကျင်းပမယ့် ကယားပြည်နယ်နေ့ကိုတက်ဖို့ စစ်ကောင်စီ ဒုဥက္ကဌ ရောက်နေတဲ့အတွက် အနီးဝန်းကျင်ကမြို့တွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေ...
- တောင်သာမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်သား ၂၀ ကျော်ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက် မောင်းထုတ်လိုက်ပြီး ကျောင်းအလံတိုင်မှာ တော်လှန်ရေးအလံကို လွှင့်တင်...
- AA (အာရက္ခတပ်တော်) နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဂွ ကနေ မကျီးဇင်၊ အဲဒီက တဆင့် ရွှေသောင်ယံမြို့အထိ ရောက်လာပြီဖြစ်တဲ့အတွက် စစ်ကောင်စီက ချောင်းသာမြို့မှာ တပ်အင်အားတိုးချဲ့ပြီး ခုခံစစ်အတွက် ပြင်ဆင်နေ...
- နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာဘက်မှာ စစ်ရေး တင်းမာနေပြီး စစ်ကောင်စီရဲ့ အမြောက်တပ် စခန်းတွေကို TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ ပူးတွဲတပ်က ဝိုင်းရံ ပိတ်ဆို့ထား...
- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က မွေးထုတ်ပေးလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI-ဗျူဟာ" ရဲ့ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲအခမ်းအနားကို မကြာသေးခင်က ကျင်းပခဲ့တယ်လို့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက ဗီဒီယို မှတ်တမ်း ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment