Wednesday, January 29, 2025

စစ်ကောင်စီတပ်သား ၉ ဦး ကရင်နီတပ်တွေထံ အလင်းဝင်... လားရှိုးက တရုတ်နှစ်သစ်က...


စစ်ကောင်စီတပ်သား ၉ ဦး ကရင်နီတပ်တွေထံ အလင်းဝင်... လားရှိုးက တရုတ်နှစ်သစ်ကူးပွဲ မြောက်ပိုင်းမဟာမိတ်တွေ တက်ရောက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀- ၁- ၂၀၂၅)

စစ်ကောင်စီအောက်မှာ တာဝန်မထမ်းချင်တော့တဲ့ အရာခံဗိုလ်နဲ့ စစ်သား ၁၀ ဦးခန့်ဟာ တော်လှန်ရေးတပ်တွေထံ ပူးပေါင်းလာတယ်လို့ ကရင်နီတော်လှန်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။

ဘောလခဲ အခြေစိုက် ခမရ (၄၂၉) က စစ်သားသစ် (၄) ဦးဟာ MA သေနတ် (၃)လက်နဲ့အတူ ဇန်နဝါရီ ၂၉ မှာ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ လွိုင်ကော်ဒေသ PDF က သတင်းထုတ်ပြန်ပါတယ်။

အလားတူ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) က တပ်သား ၄ ဦးဟာ လက်နက်မဲ့ အလင်းဝင်ချင်တယ်လို့ ချိတ်ဆက်လာတဲ့အတွက် ဇန်နဝါရီ ၂၉ မနက်အစောကြီး ၁ နာရီခန့်မှာ SSRY (Southern Shan Revolution Youth) တပ်နဲ့ (SSLRU) ရှမ်းပြည် တောင်ပိုင်း- ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

တခါ ဖရူဆိုမြို့အခြေစိုက် ခမရ (၅၃၁) က အရာခံဗိုလ်တဦးဟာ MA သေနတ် (၁) လက်နဲ့အတူ ဇန်နဝါရီ ၂၇ မှာ အလင်းဝင်လာတယ်လို့ KNDF- ကရင်နီအမျိုးသားများကွယ်ရေးတပ်က ဓာတ်ပုံမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- အင်းတော်မှာ မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်...

- မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်ရှိ ဆင်ဂွတ်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ် ၂ ဦးအပါဝင် (၁၈) ဦးသေဆုံးပြီး ဒဏ်ရာရသူနဲ့ နေအိမ်ပျက်စီးမှုများစွာရှိခဲ့တယ်လို့ NUG- လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်...

- NUG - ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ ရခိုင်-မကွေး နယ်စပ်အခြေစိုက် (People Independence Army) ပြည်သူ့လွတ်လပ်ရေးတပ်တော် ဗဟိုကော်မတီဝင် ကိုမိုးနေလနဲ့ တွေ့ဆုံဆွေးနွေး...

- TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - တပ်မဟာ ၂ မှူး ဒုတိယဗိုလ်မှူကြီး တားခြိုူဝ်မျိုးနဲ့ NUG ရဲ့ ကျောက်မဲ PDF အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခရိုင်မှူး ကိုကောင်း တို့တွေ့ဆုံပြီး သိမ်းပိုက်နယ်မြေအချို့ကို သွားရောက်ကြည့်ရှု...

- တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို အထူးဒေသ (၁) လားရှိုးမြို့မှာ ကျင်းပပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ရောက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More