ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA စစ်ရှိန်မြှင့်... ဖြူး - အုတ်တွင်း တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ …
(၈- ၁- ၂၀၂၅)
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီဘက်က မြို့သိမ်း တိုက်ပွဲတွေ နှစ်သစ်ကူးကာလမှာ ခေတ္တခဏ ငြိမ်နေပေမယ့် ဇန်နဝါရီ ၆ က စပြီး အရှိန်အဟုန်နဲ့ ပြန်စနေပြီလို့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။
မြို့ထဲမှာရှိတဲ့ ရဲခစန်း အပါအဝင် နေရာအသီးသီးက စစ်သား ရဲသားတွေ အားလုံးဟာ မိသားစုတွေနဲ့အတူ စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၂၁ ဝင်းထဲ ပြောင်းသွားကြပြီး အဲဒီကနေ ခုခံနေတယ်၊ လေကြောင်းပစ်ကူနဲ့ ဗုံးကြဲနေတဲ့အတွက် မြို့ထဲက အဆောက်အဦတွေ မီးလောင်နေတယ်လို့လည်း ဗိုလ်မှူးကြီးက ပြောပြပါတယ်။
ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာ ၄ မှာ KIA နဲ့ မဟာမိတ်တွေက စတင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်...
- ဝက်လက်မြို့နယ်၊ မှတ်ထိရွာ တိုက်ပွဲမှာ လက်နက်မျိုးစုံ ၄၆ လက် ရရှိပြီး စစ်ကောင်စီဘက်က ၄၇ ဦး သေဆုံး၊ ၆ ဦးကို လက်ရဖမ်းမိ၊ ၁၇ ဦး ပျောက်ဆုံးနေ...
- ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေ၊ ဒရုံးတွေနဲ့ တိုက်ခိုက်...
- ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီးပြီး စစ်ကောင်စီရဲ့ ဒရုန်း တစင်းကို သိမ်းပိုက်ရရှိတယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်) က သတင်းထုတ်ပြန်...
- ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ် ခြောက်ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ခန့် သေဆုံးတယ်လို့ အမှတ် ၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်...
- ပုလောမြို့ရှိ စရဖ (စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့) ရုံးခန်းကို ဇန်နဝါရီ ၆၊ ည ၁၁ နာရီခန့်မှာ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဝင်ရောက်စီးနင်း...
- ပုဂံ-ညောင်ဦး ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား တဦးဟာ လက်နက်ငယ် တလက်နဲ့အတူ Southern YSO (ရေစကြို တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment