Friday, January 10, 2025

“မကွေး၊ ပဲခူးနဲ့စာရင် မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေး ထိုးမယ်ထင်တယ်”


“မကွေး၊ ပဲခူးနဲ့စာရင် မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေး ထိုးမယ်ထင်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၀- ၁- ၂၀၂၄)

“မကွေးနဲ့ ပဲခူးတိုင်းထဲမှာ ပကစ တွေရှိတာမှန်ပေမယ့် AA ရဲ့ စစ်ရေးဦးတည်းချက်ဟာ မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေးမယ်ထင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၀၂၅ ပထမ ၁၀ ရက်အတွင်းမှာတင် KIA က မံစီကို သိမ်းလိုက်တာ၊ AA က မကွေး-ပဲခူး-ဧရာဝတီအစပ်ဒေသတွေဆီ ထိုးဝင်လာတာ၊ အညာမှာ ချေမှုန်းရေးစစ်ပွဲတွေပေါ်လာတာ... စတဲ့ စစ်ရေးအရ ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- တရုတ်ဖိအားရှိနေတဲ့ကြားက ဘာကြောင့် KIA က မံစီကို သိမ်းနိုင်တာလဲ...

- KIA ဟာ ကချင်ဒေသအပြင် ဆက်စပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းကိုပါ ထိုးဝင်လာနိုင်သလား..

- AA ကကော ရခိုင်နဲ့ ဆက်စပ်နယ်မြေတွေဖြစ်တဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီ ဘယ်နေရာကို ဦးစားပေး ထိုးဖောက်ဝင်နိုင်သလဲ...

- MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးမယ်ဆိုတာ လက်တွေ့ဖြစ်လာနိုင်ပါ့မလား...

- နိုင်ငံတကာရဲ့ ကြားဝင်မှုတွေအလုပ်မဖြစ်ပဲ ဆီးရီးယားလိုပဲ အာဏာရှင်အပြတ်တိုက်ရေး ၂၀၂၅ မှာ မြင်လာရနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More