Sunday, January 5, 2025

“ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ ဘယ်လိုတည်ဆောက်မလဲဆိုတာ ၂၀၂၅ ရဲ့ ရှေ့တန်းအ...


“ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ ဘယ်လိုတည်ဆောက်မလဲဆိုတာ ၂၀၂၅ ရဲ့ ရှေ့တန်းအရောက်ဆုံး ကိစ္စတခုဖြစ်တယ်”

- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)

(၅-၁-၂၀၂၅)

“ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်တွေစုပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ ဘယ်လိုတည်ဆောက်မလဲဆိုတာ ၂၀၂၅ ရဲ့ ရှေ့တန်းအရောက်ဆုံး ကိစ္စဖြစ်တယ်” လို့ လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ ဦးအောင်ထူးကပြောပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ ဖက်ဒရယ်ဥပဒေအကယ်ဒမီက ထုတ်ပြန်လိုက်တဲ့ “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားထာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တော်လှန်ရေးအင်အားစုတွေ ပြုစုထုတ်ဝေလိုက်တဲ့ “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ရဲ့ အဓိက ကွာခြားချက်က ဘာလဲ...

- ဘာကြောင့် ဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ- အရေးတကြီး လိုအပ်လာတာလဲ...

- နှစ် ၇၀ ကျော်ကြာ မပြေမလည်ဖြစ်နေတဲ့... ဒီမိုကရေစီအရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို ဒီ “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” က ဘယ်လို ချည်းကပ် အဖြေရှာထားသလဲ...

- အောက်ခြေကနေ အပေါ်သို့ Bottom- up သွားရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

-  မြန်မာအမျိုးသားပြည်နယ်ဆိုတာကို မြန်မာအမျိုးသားတွေလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အသစ်ပေါ်လာတဲ့ လွတ်မြောက်နယ်မြေအသီးသီးက ဒီ - “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ထဲမှာ ဘယ်လိုပါဝင်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More