မံစီမြို့သိမ်း စစ်ဆင်ရေးမှာ KIA နဲ့အတူ ABSDF, KPDF တို့ပါဝင်... ရမ်းဗြဲမြို့နယ်ကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
၁၀ ဇန်ဝါရီ ၂၀၂၅
ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နဲ့ အမတ ၃၅၂ တို့ကို သိမ်းပိုက်ရာမှာ KIA (ကချင် လွတ်လပ်ရေးတပ်မတော်)၊ တပ်မဟာ (၁၁) ရဲ့ ဦးဆောင်မှုနဲ့ ABSDF (ကျောင်းသားတပ်မတော်) အမှတ် (၂) စစ်ကြောင်း၊ တပ်ရင်း (၁၀) နဲ့ KPDF (ကချင် ဒေသ ကာကွယ်ရေးတပ်) တွေ ပူးပေါင်းဆောင်ရွက်တာလို့ ABSDF က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရက်မှာ ထိုးစစ် စတင်ပြီး ဇန်နဝါရီ ၈ မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ အပါဝင် လက်နက်ခဲယမ်း များစွာ ရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြပါတယ်။
ဒါက ဇန်နဝါရီ ၈ ရက်နေ့ အခြေအနေပါ။ ဇန်နဝါရီ ၉ မှာတော့ တော်လှန်ရေး တပ်ပေါင်းစုက ဗန်းမော် လေယာဉ်ကွင်းကို သိမ်းလိုက်ပြီး ဗန်းမော် ခလရ ၄၇ ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုရှယ်မီဒီယာမှာ သတင်းတွေ ပြန့်နေပါတယ်။
ဒါပေမယ့် ၉ ရက်နေ့ သတင်းအခြေအနေနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
အရင်နေ့ မေးမြန်းချက်မှာတော့ မြို့ထဲက စစ်ကောင်စီ တပ်တွေ၊ ရဲတွေအားလုံး စကခ ၂၁ ထဲ ပြောင်းသွားကြပြီ၊ မြို့ထဲ ရပ်ကွက် အများစုကို KIA နဲ့ ပူးပေါင်းတပ်က သိမ်းထားလိုက်ပြီ၊ စစ်ကောင်စီဟာ စကခ ၂၁ ထဲကနေ အသေအလဲ ခုခံနေတယ်လို့ ပြောကြားထားပါတယ်။
ဒါ့အပြင်...
- ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ရွာကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၄၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ...
- စစ်ကိုင်းမြို့က ပျူစောထီး ခေါင်းဆောင်ရဲ့ ယာဉ်တန်း စစ်ကိုင်း-မင်းကွန်း လမ်းပေါ်ရောက်လာစဉ် တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ၇ ဦးသေ၊ လက်နက်မျိုးစုံ ၆ လက် ရရှိ...
- လောင်းလုံးမြို့ အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကြောင်းမှူး အပါအဝင် ၈ ဦးသေ၊ ၁၀ ကျော် ဒဏ်ရာရ...
- ခလရ ၂၈၈ က တပ်သားသစ် ၂ ဦးဟာ လက်နက်တွေနဲ့ အတူ KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း (၉) ထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment