Thursday, January 23, 2025

အမ်း-ပဒန်းလမ်းတိုက်ပွဲ စစ်ကောင်စီ အထိနာ... ဖာပွန်အနီးက စစ်တပ်စခန်း KNLA ...


အမ်း-ပဒန်းလမ်းတိုက်ပွဲ စစ်ကောင်စီ အထိနာ... ဖာပွန်အနီးက စစ်တပ်စခန်း KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၄ ဇန်နဝါရီ ၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကြားရှိ အမ်း-ပဒါန်း လမ်းပေါ်က စစ်ကောင်စီ တပ်တွေကို ကြားဖြတ် တိုက်ခိုက်ရာမှာ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၂ ဦးကို လက်ရဖမ်းမိပြီး ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၉ လက်ရရှိတယ်လို့ PRA- မကွေး၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၉ မှာ ငဖဲကနေ အမ်းဘက်ကို လက်နက် ခဲယမ်း ပို့ဖို့ တက်လာတဲ့ စစ်ယာဉ်တန်း ၄ စီးကို အမ်း-ပဒါန်း လမ်းပေါ်ရှိ ဂုတ်ကြီးရွာ အနီး တိုက်ခိုက်ရာမှာ ကားတစီးပျက်၊ စစ်သား ၅ ဦးသေ၊ ၈ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ဒုတိယ သီတင်းပတ်အတွင်း တိုက်ခိုက်မှုမှာတော့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃ က ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၂ ဦးကို လက်ရဖမ်းမိ၊ အရာခံဗိုအပါဝင် ၁၀ ဦးထက် မနည်းသေဆုံး၊ ၆၀ မမ စိန်ပြောင်းနဲ့လက်နက်ငယ် ၈ လက် သိမ်းဆည်းရမိကြောင်း  ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မုံရွာမြို့နယ်မှာ ရဲနဲ့ စစ်တပ်ပူးတွဲ အထိုင်ချထားတဲ့ ညောင်ဖြူပင် စခန်းဆီ ရိက္ခာပို့ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ...

- KNU- ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေ၊ ဒူးပလာယာ ခရိုင်၊ ကျိုက်ဒုံမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီးတဦး သေဆုံး၊ မီးသတ်ရုံးနဲ့ အနီးဝန်းကျင်က နေအိမ်တွေ ပျက်စီး...

- KNLA - တပ်မဟာ ၅ ဒေသ၊ ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ ကတိုင်တိ စစ်ကောင်စီစခန်းကို KNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်...

- တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား တလကျော်ကြာ တိုက်ပွဲ ဆက်တိုက် ဖြစ်ပြီး စစ်ကောင်စီဘက်က  ၅၀ ခန့် သေ၊ လက်နက် ၄ လက်နဲ့ ခဲယမ်းတွေရရှိ...

- မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၄၄ မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေပြီလို့ NUG ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More