Monday, January 20, 2025

အမ်း-ပဒါန်း တိုက်ပွဲ စစ်ကောင်စီအထိနာဟု AA ထုတ်ပြန်... MNDAA က စကစ နဲ့ အ...


အမ်း-ပဒါန်း တိုက်ပွဲ စစ်ကောင်စီအထိနာဟု AA ထုတ်ပြန်...  MNDAA က စကစ နဲ့ အပစ်ရပ်လက်မှတ်ထိုးဟု တရုတ်ပြော...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၂၁ ဇန်နဝါရီ ၂၀၂၅

ရခိုင်ပြည်နယ် အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့ကို AA က လုံးဝ သိမ်းပိုက်ပြီးနောက် အဲဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ အမ်း-မကွေး၊ တောင်ကုတ်-ပဲခူး၊ ဂွ-ဧရာဝတီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး  စစ်ကောင်စီဘက်က အလောင်း၊ လက်နက်နဲ့ သုံံ့ပန်း များစွာ ဖမ်းမိထားတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်အတွင်းရှိ ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း စတဲ့ ကျေးရွာတွေအနီး ပတ်ဝန်းကျင်၊ တစ်နည်းအားဖြင့် အမ်း-ပဒါန်း ကားလမ်းမအနီးမှာ တပ်မ (၈၈)၊ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေ၊ မကွေး- ကပစ ဘက်က တပ်ရင်းတွေနဲ့ ဇန်နဝါရီ ၁၁ ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲဒီ တပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အလောင်း၊ လက်နက်ခဲယမ်း များစွာနဲ့ သုံ့ပန်းအချို့ ဖမ်းမိထားတယ်လို့ AA က ဆိုပါတယ်။

အလားတူ ရက္ခိုင်-ဧရာဝတီတိုင်းအစပ် နေရာအချို့၊ ပွိုင့် (၃၆၉) ကုန်းနဲ့ ဧရာဝတီတိုင်းက ရေကြည်မြို့၊ ချင်းစ ရွာ အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အမ်းမြို့နယ်ကနေ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ တပ်မ ၉၉  လက်အောက်ခံ စစ်သား ၁၅ ဦးကို အမ်း-ပဒါန်း လမ်းပိုင်းပေါ်မှာ ACDF (Asho-CDF) က တိုက်ခိုက်ပြီး လက်နက် ၃ လက်ရရှိ...

- ဆိြပ်ဖူမြို့နယ်ရှိ ကပစ ၂၁ ကို တိုက်ခိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေ၊ စက်ရုံ ၃ ခုပြို၊ ယမ်း ဂိုဒေါင်တခု မီးလောင်တယ်လို့ BWM က နောက်ဆက်တွဲ သတင်းထုတ်ပြန်...

- NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ထိန်းချုပ်မှု အောက်ရှိ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့ကို စစ်လေယာဉ်က ဇန်နဝါရီ ၂၀၊ ညနေပိုင်းမှာ ဗုံးထပ်ကြဲ...

- MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီအကြား အပစ်ရပ်ကြောင်း တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကို ပြော...

- PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်)၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ ရဲ့  စစ်ချီ ရုပ်သံမှတ်တမ်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More